အပိုင်း(၂)Unicode

1.6K 70 11
                                    

"မင်းနဲ့ငါနဲ့ပြတ်ပြီ။"

"ကိုကို အဲလိုမပြောပါနဲ့ မပြတ်ပါဘူး နောင်တောင်းပန်ပါတယ်"

"သွား မင်းပါးစပ်က ကိုကိုလို့ခေါ်တာ ငါမကြားချင်ဘူး ရွံတယ် ငွေအတွက်နဲ့ငါ့အပေါ်အဲလိုလုပ်လိမ့်မယ်လို့ ငါလုံးဝမထင်ထားဘူး"

"မဟုတ်ပါဘူးကိုကိုရယ် နောင်ရှင်း​ပြပါရစေ ကိုကိုထင်နေသလိုနောင်......"

"မင်းပါးစပ်ကိုပိတ်ထား ဘာမှလာရှင်းပြမနေနဲ့ ငါ့မှာ သက်သေတွေပါရှိတယ် ခွန်းဆင့်နောင်!"

"မဟုတ်ဘူးကိုကို နောင်တောင်းပန်ပါတယ် နောင့်ကိုရှင်းပြခွင့်လေးတော့ပေးပါ"
ဟုဆိုရင်း နောင် ဒူးထောက်ကာ ကိုကိုခြေထောက်ကိုဖက်လိုက်သည်။

"ဖယ်စမ်းပါ အခုမှ ဘာမှလာရှင်းပြမနေနဲ့ သွား မင်းအသားနဲ့ငါ့ကိုလာမထိနဲ့ ငါ့ကိုပိုက်ဆံကြောင့်လိမ်ညာခဲ့တဲ့ မင်းကိုရွံတယ် ထွက်သွား"
လို့ပြောရင်း ကိုကိုကနောင်ကိုကန်ထုတ်လိုက်လေသည်။နောင်လည်းဘာလုပ်ရမှန်းမသိပဲပုံရပ်သားလေးနဲ့ကြမ်းပြင်​ပေါ်တွင်ငိုနေမိသည်။

"ထွက်သွားလို့ပြောနေတာမကြားဘူးလား။ မင်းငါ့အိမ်မှာရှိနေတာ အိမ်ညစ်ပတ်တယ်။အခုချက်ချင်းငါ့အိမ်ထဲကထွက်သွား"
ဟုပြောရင်း ကိုကိုကနောင်ကိုခြံဝထိဆွဲ​ခေါ်​ကာပစ်ချသွားခဲ့သည်။နောင်လည်းခြံဝတွင်ထိုင်ကာငိုနေမိတော့သည်။ငိုရင်းနဲ့အသက်ရှုပင်မဝတော့ပေ။ထိုအချိန်တွင်

"နောင် နောင် ထတော့ ဘာဖြစ်တာလဲ နောင်လေး ဘာလို့ငိုနေတာလဲ နောင်လေး"
ဟူသောကိုကို့အသံကြောင့်နောင် နိုးလာတော့သည်။နောင်နိုးနိုးချင်း ကိုကို့ကိုပြေးဖက်ခါ

"ကိုကို နောင့်ကိုထားမသွားပါနဲ့နော်။နောင်ကကိုကို့ကိုတကယ်ချစ်တာပါ။ရင်ထဲအသည်းထဲကကိုတကယ်ချစ်တာပါ။နောင့်ကိုယုံပါနော်။နောင့်ကို.....နောင့်ကို ထားမသွားပါနဲ့နော် အီးဟီးးးးး"

"နောင်လေး ဘာတွေပြောနေတာလဲ ကိုကိုကနောင်လေးကို အဲလောက်ချစ်တာ ဘာလို့ထားသွားရမှာလဲ။ အိမ်မက်ဆိုးတွေမက်နေတာလား ကလေးလေး"

နောင်(Naung)Where stories live. Discover now