"ဆရာ!!!လူနာထဖောက်လို့...ဆရာ...""ဟမ်...အေးအေးလာပြီ"
အလုပ်ဝင်တာသုံးလကျော်လာ၍လူနာအ
များအပြားကိုကုသပေးရတော့သည် အစိုး
ရဆေးရုံမဟုတ်သော်ငြားDutyချိန်က
စည်းကမ်းတကျရှိလှသည်"မနက်အစောပိုင်းကဆေးသွင်းပေးထား
တယ်ဆရာ"Jaehyunကိုခေါင်းတစ်ချက်ငြိမ့်ပြပြီးနှလုံး
ခုန်နှုန်းအားစမ်းလိုက်သည်"တော်တော်အောင့်နေသလား"
လူနာကရင်ဖက်ကိုလက်ဖြင့်ဖိထားရင်း
ခေါင်းငြိမ့်အဖြေပေးရှာသည်ဤလူနာကသွေးကြောကျဉ်းတာမို့ယခု
သွေးကြောပိတ်ပြီး နှလုံးနံရံကကြွက်သား
တွေဆီသွေးမရောက်၍ ရင်ဖက်အလွန်
အောင့်နေခြင်းဖြစ်သည် ထို့ကြောင့်ပုံမှန်
အတိုင်းသွေးပြန်ရောက်ရန်အတွက်သွေး
ကြောချဲ့ဖို့်လိုအပ်သည်"လူနာရှင်ကိုခေါ်ပြီးပြီလား"
"ဟုတ်ကဲ့ဒေါက်တာ လာနေပါပြီတဲ့"
"အစာကရောဘယ်ချိန်နောက်ဆုံးစားခဲ့
တာလဲ""လွန်ခဲ့တဲ့10နာရီလောက်ကပါ"
သူနာပြုမလေးရဲ့စကားအဆုံးလူနာရှင်
ရောက်လာတာမို့"ဒီကလူနာရှင်နော်လူနာကသွေးကြောပိတ်နေတာအရေးပေါ်ခွဲရမယ်မဟုတ်ရင်
အကုန်ပိတ်ကုန်တော့မှာ"သွေးကျဲဆေးသွင်းလည်းမနိုင်တော့မည့်
အခြေအနေသို့ရောက်ရှိနေခြင်းပင်"ဟုတ်ကဲ့ပါဆရာ လုပ်ပါ့မယ်ရှင်"
"ဒါဆိုလက်မှတ်ထိုးဖို့ကိစ္စကိုဒီကသူနာပြု
လေးနောက်လိုက်သွားလိုက်ပါလူနာကခု
ချက်ခြင်းခွဲရတော့မှာမို့"လူနာအားခွဲခန်းပို့ရန်စီစဉ်ပြီးကိုယ်တိုင်ခွဲ
ခန်းသုံးအင်္ကျီဝတ်ကာ Jehyunနဲ့အတူခွဲ
ခန်းဝင်ရသည် တာဝန်ကျဆရာမကဆေး
ရည်နဲ့သန့်စင်ပေးပြီး ထုံဆေးပါထိုးပြီး
သည်မို့သွေးကြောချဲ့ဖို့လုပ်ရတော့သည်"Jaehyun မင်းကြိုးစားကြည့်ရော့"
ပိုက်ထိပ်မှာဘောလုံးလေးတပ်ထားတဲ့
ပိုက်ချောင်းလေးကိုJaehyunဆီကမ်း
လိုက်သည်
YOU ARE READING
First and Last
Fanfictionမင်းကကိုယ့်ရဲ့နောက်ဆုံးအချစ်ဦး💘 မင်းကကိုယ့်ရဲ့နောက်ဆုံးအချစ်ဦး💘 CHANSOO Fanfiction ZG+Uni 12.6.2021-27.11.2021