He is brother for me

732 99 61
                                    

"ဟေ့ကောင် ဒီနေ့မင်းဘဲကြီးလိုက်မပို့ဘူး
လား"

ဘတ်စ်ကားပေါ်ကနေဆင်းလာတာကို
Baekhyun ကမြင်လိုက်၍ကျောင်းပေါက်
ကနေလှမ်းအော်သည်

"မဟုတ်ပါဘူးဆိုကွာ"

Baekhyunထံလျှောက်သွားပြီးပုခုံးကို
တစ်ချက်ရိုက်ကာပြန်ဖြေလိုက်သည်

"တော်ပါ ဘေးကကြည့်နေတဲ့ငါတောင်
သိတယ်"

လွန်ခဲ့တဲ့တစ်လကကားပေါ်မှာ Flirtခြင်း
ခံလိုက်ရတဲ့အကြောင်းပြောပြမိချိန်မှစ၍
မိမိသူငယ်ချင်းသည် အကို့ထံအတင်းထိုး
ကျွေးနေလေတော့သည်

"တကယ်ငါမင်းကိုပြောပြခဲ့မိတာမှားတယ်
စလို့ကိုမပြီးတော့ဘူး"

"ငါစ နေတယ်လို့ထင်နေတာလားမဟုတ်
ဘူးနော်ဘဲကြီးကမင်းကိုတကယ်ကြွေနေ တာ"

"သူကငါ့အတွက်အကိုလိုဘဲကွ အဲ့တုန်း
ကလည်းဒီတိုင်းစလိုက်တာ"

Baekhyunကခေါင်းခါပြသည်

"မယုံလည်းမတတ်နိုင်ဘူး ဒီနေ့တောင်ယူ
မယ့်မိန်းမသွားတွေ့မလို့ကျောင်းလိုက်မပို့
တာဟုတ်ပြီလား"

အံ့သြတကြီးနဲ့ကြည့်ကာ

"တကယ်ကြီးလား"

ခေါင်းငြိမ့်ပြလိုက်သည်
.
.
.

"မင်္ဂလာပါ Park Chanyeol shi"

ခပ်စူးစူးအသံလေးနဲ့အတူချိုအီအီရေမွှေးနံ့
ကကပ်ပါလာသည် မော့ကြည့်လိုက်တာ
နှင့်တပြိုင်နက်ခပ်ချောချောမျက်နှာလေးနဲ့
မိန်းကလေးငယ်က ပြုံးပြလာကာ

"Park Chanyeolဟုတ်ပါသလားရှင်"

"ဟုတ်ပါတယ်ခင်ဗျ ဒီက Kim mi sun
ထင်တယ်"

ခေါင်းငြိမ့်ကာမျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်
ချိန် waiterကောင်လေးလည်းရောက်လာ
သည်မို့

"ဘာသုံးဆောင်မလဲဗျ ကျွန်တော်ကဘာ
ကြိုက်တတ်မှန်းမသိလို့မှာမထားမိဘူး"

မေမေကတွေ့ခိုင်းလို့တွေ့ရသည်ဆိုသော်
ကိုယ့်သိက္ခကာနှင့်လူမှုရေးအရ
ချိုချိုသာသာပင်မေးလိုက်သည်

"ရပါတယ်ကိစ္စမရှိပါဘူးရှင်Americano
တစ်ခွက်မောင်လေး"

Waiterကိုမှာလိုက်တဲ့Coffeeအမျိုးအစား
ကိုကြည့်၍မှတ်ချက်ချမိသည်
သူမက Black coffeeအမျိုးအစားဝင် Americanoကိုသောက်၍ ကိုယ့်ရှေ့ချ
ထားတာက Milk coffeeစာရင်းဝင်
Coffee latte...

First and LastWhere stories live. Discover now