"မုန့်အရင်စားမလား ပတ်ကြည့်ဦးမလား"
"အကို့သဘောပါ"
ချစ်သူဖြစ်ပြီးပထမဆုံးDateအနေနဲ့ညနေ
ပိုင်းမြောင်းဒုံဈေးမှာလျှောက်လည်ကြ
သည်ပေါ့နှလုံးရောဂါဌာနမှူးတာဝန်တိုးပေးခြင်းခံရ
တဲ့အကိုဟာပုံမှန်ထက်ပင်အလုပ်များလာ
ရှာသည် ထို့ကြောင့်အကိုအဆင်ပြေစေ
ရန်တစ်နေကုန်မDateတော့ဘဲညနေပိုင်း
သာအတူရှိစေခဲ့သည်"ငါးအူချောင်းစားမလား"
မျက်စိရှေ့ကအကင်ဆိုင်ကိုလက်ညှိုးထိုး
ကာမေးလာ၍ခေါင်းငြိမ့်ပြလိုက်သည်
ဆိုင်မှာ တော့ပိုကီလည်းရသည်မို့"အကို...တော့ပိုကီလည်းစားရအောင်"
"အိုကေ စပ်စပ်လေးစားမှာမလား"
သူ့အကြိုက်ကိုသိလွန်းတဲ့အကိုဟာအစပ်
မှာပေးချင်သလို သူကလည်းအလိုက်သိ
လွန်းသူမို့"အကိုကအစပ်မှမစားနိုင်တာ အချိုပဲဝယ်
ပါ""ကိုယ်ကကိစ္စမရှိပါဘူးတစ်ခုနှစ်ခုစားမှာ
ဒီကလေးလေးအကြိုက်သာစား"မျက်စိတစ်ဖက်မှိတ်ပြကာဆိုင်ရှေ့ဆွဲခေါ်
သွားပြီး"အဒေါ် ငါးအူချောင်းနှစ်ချောင်းနဲ့တော့ပို
ကီအစပ်တစ်ပွဲပေးပါ"လူရှင်းနေ၍ဆိုင်ရှင်အဒေါ်ကမြန်မြန်ဆန်
ဆန်ပင်စက္ကူခွက်လေးထဲတော့ပိုကီထည့်
ပြီးငါးအူချောင်းနှစ်ချောင်းနဲ့သူ့လက်ထဲ
ထည့်ပေးသည်"ဘယ်လောက်လဲဗျ"
"ငါးထောင်ပါ"
"ဟုတ်ကဲ့ ဒီမှာပါဗျ ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ပါတယ်"
ဆိုင်ရှင်ကိုပိုက်ဆံချေပြီးမှသူ့လက်ထဲကိုင်
ထားတဲ့ငါးအူချောင်းနှစ်ခုကိုလက်လွှဲယူ
ကာ"တော့ပိုကီခွက်သာပြုတ်မကျအောင်ကိုင်
စားလူတွေများတော့တိုက်မိပြီးမှောက်ကုန်
မယ် ကိုယ်ဒီဟာလေးတွေကိုင်ထားပေး
မယ်ဟုတ်ပြီလား""ဟုတ်"
ဆိုင်အကြီးကြီးတွေမှာလိုအများကြီးထည့်
ပေးတာမျိုးမဟုတ်ဘဲစက္ကူခွက်သေးသေး
လေးနဲ့ထည့်ပေးသည်မို့ဗိုက်မဝဘဲတစ်
ခြားမုန့်တွေလည်းစားလို့ရသေးသည်
YOU ARE READING
First and Last
Fanfictionမင်းကကိုယ့်ရဲ့နောက်ဆုံးအချစ်ဦး💘 မင်းကကိုယ့်ရဲ့နောက်ဆုံးအချစ်ဦး💘 CHANSOO Fanfiction ZG+Uni 12.6.2021-27.11.2021