Wedding

640 91 69
                                    

အလွန်ချစ်စရာကောင်းတဲ့သုံးနှစ်သာသာ
ကလေးမလေးဟာအဖြူရောင်နှင်းဆီပန်း
ခြင်းကို ကိုင်ပြီးလူအုပ်ကြီးရှေ့သို့လျှောက်
လှမ်းလာသည် သူမနောက်မှာတော့အဖြူ
ရောင်Suitနဲ့အတူရင်ဖက်မှာနှင်းဆီပန်း
အဖြူရောင်အားတွယ်ချိတ်ထားတဲ့သတို့
သားဟာကြည်ကြည်နူးနူးပြုံးရင်းလျှောက်
လှမ်းလာသည်

"သတို့သားကြီးကအရမ်းပျော်နေတဲ့ပုံပါ
ပဲခင်ဗျာ"

အခမ်းအနားမှူးအဖြစ်တာဝန်ယူထားတဲ့
ဒေါက်တာJongdaeရဲ့စကားကြောင့်
တက်ရောက်ချီးမြှင့်သူတွေထံမှသဘော
ကျရယ်မောသံတွေထွက်ပေါ်လာသည်

"ဟုတ်ကဲ့ပါခင်ဗျာ...သတို့သားတစ်ဦးက
တော့သူ့နေရာသူရောက်နေပါပြီ ကျန်ရှိ
နေတဲ့သတို့သားလေးထွက်လာဖို့အချိန်
ကျပါပြီခင်ဗျ...Music start!"

အပတ်စဉ်ကျင်းပတဲ့Music showတွေ
ထဲကMCတွေလိုခပ်နှောက်နှောက်ဖိတ်
ခေါ်ပြီးနောက်Elvis Presleyရဲ့ Can't help falling in love with you
သီချင်းဟာသာယာငြိမ့်ညောင်းစွာထွက်
ပေါ်လာသည် မင်္ဂလာဆောင်နဲ့လိုက်ဖက်
တဲ့သီချင်းတွေအများကြီးထဲကမှ ဒီသီချင်း
ဟာအနှီသတို့သားကြီးရဲ့ငယ်စဉ်ဘဝ
ကတည်းကကြိုက်နှစ်သက်ခဲ့တဲ့သီချင်းပင်

ဒီတစ်ခါတော့ငါးနှစ်အရွယ်နီးနီးရှိတဲ့
ကလေးမလေးနှစ်ယောက်ဟာနှင်းဆီဖြူ
တွေအားအဓိကထား၍ပုံဖော်ထားတဲ့ပန်း
စည်းကိုတစ်ယောက်တစ်စည်းစီကိုင်ပြီး
အဖြူရောင်သတို့သားလေးရှေ့ကနေ
လျှောက်လာကြသည် သတို့သားငယ်ရဲ့
အနောက်မှာတော့ ခဲရောင်Suitကိုယ်စီ
နဲ့ကောင်လေးနှစ်ယောက်ကဝန်းရံလျက်..

သတို့သားငယ်ဟာအဖြူရောင်Suitလေး
နဲ့လိုက်ဖက်လွန်းလှသည် အသဲပုံ ပုံစံနှုတ်
ခမ်းထူထူလေးကလည်းပီပြင်စွာပြုံးရယ်
နေပြီးစင်မြင့်ထက်မှာနေရာယူထားတဲ့
လက်တွဲဖော်လောင်းအားလှမ်းကြည့်ရင်း
လျှောက်လှမ်းလာသည်

Shall I stay? Would it be, would it be a sin? If I can't help falling in love with you...

သီချင်းသံစဉ်နဲ့အတူစင်ပေါ်ကသတို့သား
ရဲ့ရင်ခုန်သံဟာနူးနူးညံ့ညံ့ထပ်တူကျလို့...

Like a river flows surely to the sea Darling, so it goes some things, you know, are meant to be...

သတို့သားငယ်ဟာပြုံးယောင်သန်းနေပြီး သူနဲ့လက်ထပ်ရမယ့်သတို့သားကတော့
မျက်ရည်မကျမိအောင်ထိန်းနေရသည်

First and LastWhere stories live. Discover now