1

2.6K 139 4
                                    

Unicode

နှလုံးသားဖြင့် သီကုံးသော

မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်က မကြာခင်မိုးရွာတော့မယ်ဆိုတာ အရိပ်အယောင်ပြနေသည်။ တိမ်မည်းတွေက မြေပြင်ပေါ်ကို အလင်းရောင်တစ်စက်မှ တိုးဝင်လို့မရအောင် ပိတ်ကျပ်ထားသည်။

*ဝှီး ဝီ ဝှီး ဝီ*

ခပ်ဟဟဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့လေက ပြင်းလွန်းတော့ ဆူညံထွက်နေပေမယ့် ထမပိတ်မိ... မထနိုင်ဘူးဆို ပိုမှန်မလား...

ခဏအကြာမှာ မိုးက သည်းကြီးမည်းကြီး ရွာတော့သည်။ မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ဘာမှမမြင်ရတော့တဲ့အထိ မိုးဟာ အညှိုးကြီးစွာ ရွာချပစ်သည်။

ကောင်းကင်ကနေ ဆင်းသက်လာတဲ့ မိုးပေါက်တွေကို ပြတင်းပေါက်ကနေ လှမ်းကြည့်နေမိသည်။ ဒီလိုရာသီဥတုမျိုးကို မုန်းတဲ့ တစ်စုံတစ်ယောက်ကို သတိရရင်းပေါ့...

ဒီနေ့မိုးတွေအရမ်းရွာတယ်... မိုးမခြိမ်းပေမယ့် မိုးပေါက်တွေက စိတ်လွန်းတော့ အပြင်ဘက်ကို ကောင်းကောင်းမမြင်ရဘူး... မင်းက ဒီလိုရာသီဥတုမျိုးကို မုန်းတယ်မလား...

"ဆေးသောက်ရမယ့် အချိန်ရောက်ပြီ ဂျယ်နို"

ဆေးနဲ့ ရေခွက်ကိုင်ပြီး အခန်းထဲဝင်လာတဲ့ ထယ်ယုံးကြောင့် ဂျယ်နို ရေးလက်စစာအုပ်ကိုပိတ်ပြီး စောင်အောက်ထဲ ဖွက်ထားလိုက်သည်။ ဒါကို မမြင်လိုက်တဲ့ ထယ်ယုံးက သူ့လက်ထဲကို ဆေးတွေထည့်ပေးပြီး ရေခွက်ကိုလှမ်းပေးသည်။

လက်ထဲမှာရှိတဲ့ ဘယ်နှလုံးမှန်းမသိတဲ့ ဆေးတွေကို ဂျယ်နို တစ်ကြိုက်ထဲ သောက်ပစ်လိုက်သည်။ ဆေးတစ်ခါသောက်တိုင်း ဆေးအလုံးရေတွေ တိုးလာတယ်ဆိုတာသိပေမယ့် အကြောင်းရင်းကို မမေးချင်တာကြောင့် ပေးသမျှသောက်သည်။

"အေးနေတာကို ပြတင်းပေါက်ဖွင့်ထားပြန်ပြီလား ဂျယ်နို... မင်းက အနွေးထည်ဝတ်ရတာလည်း မကြိုက်ဘဲနဲ့"

ပြောပြီး ထယ်ယုံးက ပြတင်းပေါက်တံခါးကို ပိတ်လိုက်သည်။

"မိုးရွာနေတာ ကြည့်ချင်လို့ပါ"

"မိုးရွာတာ ဘာများကြည့်စရာရှိလို့လည်း... ဒီလောက်သည်းကြီးမည်းကြီး ရွာနေတာကို... အခန့်မသင့်ရင် အအေးပတ်မယ်"

Written By Heart [NoMin]Where stories live. Discover now