2

801 105 3
                                    

Unicode

နှလုံးသားဖြင့် သီကုံးသော

"အပြင်ထွက်လာရတော့ လန်းဆန်းသွားတယ်မလား"

ထယ်ယုံးရဲ့အမေးကို ဂျယ်နို ခေါင်းငြိမ့်ပြီး ပြန်ဖြေသည်။ လတ်ဆတ်တဲ့လေကို ရှုရှိုက်ရင်းသဘောကျစွာ ပြုံးမိသည်။

ရာသီဥတုက သာယာပြီး ကောင်းကင်က ကြည်လင်နေသည်။ လွန်ခဲ့တဲ့ရက်တွေက သည်းကြီးမည်းကြီး မိုးရွာခဲ့တာ မဟုတ်တဲ့အတိုင်း ကောင်းကင်က တိမ်တစ်စက်တောင် မရှိဘဲ ကြည်လင်နေသည်။

လေပြည်အေးအေးလေးက ညင်ညင်သာသာ တိုက်ခတ်နေသည်။ ဒီလိုရာသီဥတုမျိုးမှာ လမ်းလျှောက်ထွက်ချင်ပေမယ့် အခြေအနေမပေးတာကြောင့် ဝှီးချဲပေါ်မှာပဲထိုင်ရင်း လက်လျော့လိုက်သည်။

'လူနာ လီဂျယ်နိုရဲ့ လူနာရှင် လီထယ်ယုံးလား မသိဘူး'

ဝှီးချဲတွန်းနေတဲ့ ထယ်ယုံးကို သူနာပြုတစ်ယောက်က လာမေးတာမို့ ဂျယ်နိုလှည့်ကြည့်မိသည်။

"ဟုတ်ပါတယ် ကျွန်တော် လီထယ်ယုံးပါ"

'ဆရာဝန်ကြီးက ခေါ်တွေ့ချင်တယ် ဆိုလို့ ခဏလောက် လိုက်ခဲ့ပေးပါ'

"ဟုတ်ကဲ့... အထဲပြန်ဝင်ကြမလား ဂျယ်နို?"

"ရတယ် ကိုကြီး... ကျွန်တော် အပြင်မှာနေချင်သေးတယ်"

"ဒါဆို ဒီမှာပဲနေနော်... ကိုကြီး ပြန်လာခဲ့မယ်"

ဆေးရုံထဲ ပြန်ဝင်သွားတဲ့ ထယ်ယုံးကို ဂျယ်နိုကြည့်နေမိသည်။

ကိုကြီးလည်း ကျွန်တော့်ကြောင့် ပင်ပန်းနေပြီ

ဝင်လာတဲ့အတွေးကြောင့် ဂျယ်နို မျက်ရည်ဝဲမိသည်။ သူသာ ဒီလိုဖြစ်မနေဘူးဆို ထယ်ယုံးက သူ့ဘဝနဲ့သူ ဖြစ်နေလောက်ပြီလေ... အခုတော့ လူမမာဖြစ်နေတဲ့ ဂျယ်နိုကိုပြုစုရင်း ထယ်ယုံးက သူ့ဘဝကိုသူ အနစ်နာခံနေတာမို့ ဂျယ်နို တွေးမိတိုင်း စိတ်မကောင်းဖြစ်သည်။

ဝဲတက်လာတဲ့ မျက်ရည်တွေ စီးကျမလာအောင် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကြည်လင်နေတဲ့ ကောင်းကင်ကြောင့် စိတ်သက်သာရာရသလို ခံစားမိတာမို့ ဂျယ်နို မျက်လုံးတွေကို မှိတ်ထားမိသည်။

Written By Heart [NoMin]Where stories live. Discover now