Unicode
ကျေးဇူးတင်လွှာလေး မရေးခင် အရင်ဆုံး Written By Heart လေး ဖြစ်တည်လာပုံနဲ့ plot အကျဥ်းလေးကို ရှင်းပြချင်ပါတယ် ထုံးစံအတိုင်း စာလေး ပိစိလောက်ရှည်ပါမယ်နော်🤏🏻
ဒီ plot လေးကို စစဥ်းစားမိတာ ᴀᴍᴀʀ ᴅᴇ ɴᴜᴇᴠᴏ လေး မပြီးခင်ကပါ။ Diary ရေးတဲ့ ပုံစံလေးကို အခြေခံပြီး Drama SE လေး ဖန်တီးမယ်ဆိုပြီး plot အကြမ်းလေး ရလိုက်ပါတယ်။ အဲ့ကနေ စဖန်တီးလိုက်တာ အခုဆို ဇာတ်သိမ်းသွားတယ်ပေါ့နော်။👀
Plot အကျဥ်းလေးကို ပြန်ရှင်းရရင် ဆယ်ကျော်သက်အရွယ်မှာ လိင်တူအချစ်ကို တွေ့ကြုံလိုက်ရတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုချစ်တဲ့ကောင်လေးကို စိတ်ဒဏ်ရာပေးမိရာက ဖြစ်တည်လာတဲ့ ဇာတ်လမ်းလေးပါ။ ဒီနေရာမှာ မေးခွန်းတစ်ခုရှိတယ်ပေါ့နော်။ ဂျယ်မင်းက ဂျယ်နိုကို ချစ်ခဲ့လားဆိုတဲ့ မေးခွန်း... အဲ့မေးခွန်းကို ဖြေရရင် ဂျယ်မင်းဟာ ဂျယ်နိုကို မချစ်ခဲ့ပါဘူး။ ဂျယ်မင်းဟာ သူပေးခဲ့မိတဲ့ စိတ်ဒဏ်ရာကြောင့်သာ သူထွက်မသွားခင်အချိန်ထိ ဂျယ်နိုအနားမှာ ရှိနေခဲ့တာပါ။ ဒါပေမယ့် ဂျယ်နိုကို ချစ်တယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး။ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးလိုက်ရတာမို့ သူ့မှာ နောင်တနဲ့ တောင်းပန်စိတ်အပြင်မရှိပါဘူး။ ဒါကြောင့် ဂျယ်မင်းဟာ ဂျယ်နိုကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး။
ပြီးတော့ ဒီFic လေးကလည်း Mini Fic လေးဖြစ်တဲ့ အပြင် SE ဖြစ်တဲ့အတွက် Intro လည်းမရှိသလို Extra လည်းမရှိပါဘူး။ Extra ကို မမျှော်ကြပါနဲ့။❤
ကျေးဇူးတင်လွှာလေး စပါမယ်နော်
အရင်ဆုံးကျေးဇူးတင်ချင်တာက readers တွေကိုပါ။ ဒီ fic လေးကို ဖန်တီးမိတာက ᴀᴍᴀʀ ᴅᴇ ɴᴜᴇᴠᴏ လေး 1k ပြည့်သွားလို့ပါ။ ပထမဆုံး Mini Fic လေးကို ဒီလောက်ထိ ချစ်ပေးကြမယ် မထင်ထားခဲ့ပါဘူး။ WBH လေးရဲ့ ဖြစ်တည်မှုက ᴀᴍᴀʀ ᴅᴇ ɴᴜᴇᴠᴏ ကြောင့်ပါ။ ဒါ ကြောင့် readersတွေကို ကျေးဇူးအရမ်းအရမ်းတင်ပါတယ်။😭
ပြီးတော့ fic လေးကို review ရေးပေးကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ review တွေကြောင့်သာ Fic အသစ် ဖန်တီးဖို့ အားတွေရှိလာတာပါ။ နောက်ပိုင်းလည်း review တွေ များများရေးပေးပါလို့ ပြောရင်း ကျေးဇူးတင်ချင်ပါတယ်။😁
YOU ARE READING
Written By Heart [NoMin]
Fanfic"စာအုပ်တွေက စကားပြောတတ်လား နိုနို?" "စာအုပ်တွေက စကားပြောတတ်လား နိုနို?" NoMin 2nd Book (NoMin 2nd Myanmar Mini FanFic) Start Date - 31.7.2021 End Date - 6. 8. 2021 |Completed|