6

782 105 9
                                    

Unicode

နှလုံးသားဖြင့် သီကုံးသော

စာအုပ်လေးကို ပိတ်လိုက်တော့ မျက်ရည်တစ်စက်က အဖုံးပေါ်ကို တောက်ခနဲကျသွားသည်။ ပါးပြင်ကို စမ်းကြည့်မိတော့ မျက်ရည်တွေအပြည့်နဲ့မို့ အံ့ဩမိသွားသည်။

ငါ ငိုနေမိတာပဲ...

မျက်ရည်ကျလို့ ကျမှန်းမသိတဲ့အထိ ဂျယ်နိုရဲ့ဒိုင်ယာရီထဲမှာ ဂျယ်မင်း နစ်မြောနေခဲ့သည်။ သူဘယ်လောက်ထိ ဂျယ်နိုအပေါ်ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့လဲဆိုတာ ဒီစာတွေက သက်သေပြနေတယ်လေ...

အမှန်အတိုင်းပြောရရင် ဂျယ်နိုရဲ့ ဖွင့်ပြောမှုက ဂျယ်မင်းကို ထိတ်လန့်စေခဲ့သည်။ လက်မခံနိုင်တာကို ရိုးရိုးငြင်းလဲ ရရဲ့သားနဲ့ ထိတ်လန့်မှုက ကြီးစိုးနေသည်မို့ ရက်ရက်စက်စက်ပြောမိခဲ့တာ ဖြစ်သည်။

ဆယ်ကျော်သက်အရွယ်မှာ တွေ့ကြုံရတဲ့ ယောကျ်ားချင်း အချစ်ဆိုတာကို ဆိုးဆိုးဝါးဝါး ငြင်းဆန်ခဲ့သည်။ နယ်သာလန်ရောက်ပြီး တက္ကသိုလ်တက်တော့မှ လိင်တူအချစ်ဆိုတာကို လက်ခံလာနိုင်ခဲ့သည်။ အချစ်မှာ မျက်စိမရှိသလို gender လည်း မရှိဘူးဆိုတာ နောက်ပိုင်းမှ ဂျယ်မင်းသိလာခဲ့သည်။ ဒါပေမယ့် သူ့အမှားကို ပြင်ဆင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ တွေးခဲ့သည်။ ဂျယ်နိုရဲ့ စာတွေကို မဖတ်ခင်အချိန်ထိပေါ့...

ဒီစာအုပ်လေးတွေ ဖတ်ပြီးရင်တော့ ဂျယ်မင်း ဂျယ်နိုကို တောင်းပန်မည်။ သူ့ကြောင့် အနှစ်နှစ်အလလ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာက တောင်းပန်စကား တစ်ခွန်းလေးနဲ့ မလုံလောက်မှန်းသိပေမယ့် ဂျယ်နိုကျေနပ်တဲ့အထိ ဂျယ်မင်းတောင်းပန်မှာပါ...

မျက်ရည်တွေကို သုတ်ပြီး နောက်ထပ်စာအုပ်တစ်အုပ်ကို လှမ်းယူလိုက်သည်။ ဂျယ်မင်းသတိထားမိလာတာက နောက်ပိုင်းဂျယ်နိုရဲ့စာတွေက ဒိုင်ယာရီဆိုတာထက် ဂျယ်မင်းကိုရည်ရွယ်ပြီး ရေးထားတဲ့ပုံစံမျိုး ဖြစ်လာသည်။ အဲ့ဒါကြောင့် စာတွေကိုဖတ်လိုက်တိုင်း ဂျယ်နိုကိုယ်တိုင် ဂျယ်မင်းကိုပြောပြနေသလို ခံစားရသည်။ ဒါကြောင့်လည်း အစ်ကိုထယ်ယုံးက ဖတ်သင့်တယ်လို့ ပြောလိုက်တာ ဖြစ်မည်။

Written By Heart [NoMin]Where stories live. Discover now