"ပေါင်ပေါင် ကော့ဒ်တွေမှားနေတယ်လေကွာ"
ညနေစောင်းအချိန်တွင် တိုက်ခန်းလေးဆီမှ တဖျစ်တောက်တောက်အသံတို့ထွက်ပေါ်လာသည်။
"မမှားပါဘူး။ ဒီတိုင်းပဲကို"
စံလင်း စိတ်မရှည်ချင်တော့။ ဘယ်သောအခါမျှသင်ရင်မမှတ်တတ်သောပြည့်ဖြိုးဟန်နှင့်သူ။ ရှေ့ဆက်ဘယ်လိုများစခန်းသွားရမည်နည်း။
"ပေါင်ပေါင်"
"စုန်း မင်းကိုယ့်ကို စိတ်မရှည်တာမလား"
စံလင်းဝန်ခံပါရဲ့။ သည်လိုအချိန်မျိုးဆို သူပေါင်ပေါင့်ကို စိတ်မရှည်လို။ အမြဲတစေ စိတ်ရှည်စွာသင်ပေးသည့်သူကိုမျှ အားမနာ၊ကောင်လေးက မမှတ်။ သည်တစ်ပတ် သင်ပြီးသမျှတို့ကို နောက်တစ်ပတ်တွင်မေ့မြဲမေ့ဆဲ။
"စုန်း"
"ပြော"
ရုတ်ချည်းဆိုသလို တိတ်ဆိတ်သွားသောအခန်းလေး။ စံလင်းသိနေသည်။ ဤကဲ့သို့အခြေအနေမျိုးဆိုလျှင် ကောင်လေးက နှုတ်ဆိတ်သွားတတ်မြဲ။ ပြည့်ဖြိုးဟန်ကား တစ်ခါတရံ လူအိုကလေးနှင့်တူလှသည်လေ။
"ပေါင်ပေါင် မင်း စိတ်ကောက်ပြန်ပြီိလား"
ပြောကာမှ တစ်ဖက်သို့လှည့်သွားသော ချစ်ရသူပါပဲ။ စံလင်းစိတ်ထဲတော့ တွေးလိုက်မိပါရဲ့။ ချော့ပေးဦးပေါ့လေ။
"ပေါင်"
"ပေါင်လည်းမရှိဘူး။ ခြေသလုံးလည်းမရှိဘူး"
ဂျစ်တွန်းနေသည့်ကောင်လေးစကားကြောင့်စံလင်း မရယ်မိအောင် မနည်းထိန်းလိုက်ရသေးသည်။
"ဟ အောက်ပိုင်းမပါတဲ့ သရဲထီိးလား"
"စုန်း"
"ပေါင်ပေါင်ကလည်းကွာ ဒါလေးပြောတာကို မင်းက စိတ်တိုနေတာလား။ ဟမ်"
ပြည့်ဖြိုးဟန်က ပြည့်ဖြိုးဟန်ပါပဲ။ ဆက်ခနဲ ထထွက်သွားသည်မှာ ယခုပင် အိမ်ပေါ်မှ ဆင်းတော့မည့်သူနှယ်။
"ပေါင်ပေါင်"
ဂစ်တာလေးဘေးချကာ အပြေးအလွှားလိုက်ရသူကလည်း မောင်စံလင်းပါပဲလေ။
YOU ARE READING
ချည်နှောင်မိသမျှ...သူ || ခည်ြနှောင်မိသမျှ...သူ
RomanceSeason-2 of Philophobia.... Art : @ZonLayNwe❣️