(၂)

2.9K 329 42
                                    

နေ​ရောင်ခြည်နွေးနွေးက ပြတင်းတံခါးမှတဆင့် အခန်းလေးအတွင်းသို့ဖြာကျလျှက်ရှိနေသည်။ ထုံးစံအတိုင်း မနက်ခင်းငှက်ကလေးများ​၏ ကြိုဆိုသံက ခပ်ကြဲကြဲသွားနေသော ကားသံများအကြား ကပ်လျှက် တီးတိုးထွက်ပေါ်လာ​၏။

တစ်ယောက်အိပ် ကုတင်လေးထက် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ကာ ဖက်တွယ်လျှက် အိပ်ပျော်နေကြသော အမျိုးသားလေးနှစ်ဦး။

မှဲ့ပိုင်ရှင်ကောင်လေး​၏ မျက်လုံးအစုံက သူ့အရှေ့မှ ကောင်လေးကို မျက်တောင်မခတ်တမ်းငေးမောနေလို့။ နေရောင်ဖျော့ဖျော့အောက် မြင်နေရသော ကောင်လေး​၏ မျက်နှာတစ်ဝိုက်ကို ခပ်ဖွဖွကိုင်​တွယ်နေရဲ့။

အမြဲတစေ ငေးမောနေခဲ့ဖူးသော အသားအရည်ညိုစိမ့်စိမ့်ကလေးက သူ့မျက်လုံးထဲ ဆွဲဆောင်မှုရှိလှသည်။ နှာတံပေါ်လှသည် မဆိုသာသော်လည်း ဤ နှာခေါင်းချွန်လုံးလေးကို သူချစ်သည်။

မပွင့်တပွင့် မျက်လုံးကလေးနှင့် အကြည့်ချင်းဆုံမိတော့ ထိုကောင်လေးက ပြုံးလို့။

"ပေါင်ပေါင်"

စုန်း​၏ အိပ်ရေးမဝတစ်ဝအသံအဆုံး ပေါင်ပေါင် ထပ်ပြုံး​၏။

"အင်း"

"အစောကြီးနိုးနေတာလား"

"အိပ်ပျော်ရဲ့လား ကိုယ့်ကလေးလေး"

ပြည့်ဖြိုး​၏ အသံခပ်နွေးနွေးကြောင့် စံလင်းက မသိမသာ ခေါင်းငြိမ့်ပြ​ရှာသည်။ မျက်လုံးအစုံကတော့ မှိတ်ထားဆဲ။

"အင်း"

ဆန်းဒေး။ ထူးထွေ၍ လုပ်ကိုင်စရာမရှိသော ဤတစ်နေ့တော့ စံလင်း အိပ်ရေးဝ,ဝ အိပ်လိုသည်ထင်သည်။ မပွင့်တပွင့် မျက်လုံးကို အတင်းပြန်မှိတ်ပစ်ရင်း တစ်ဖက်လှည့်သွားပြန်သည်။

"စုန်း ထပါလားကွာ"

နောက်ကျောဘက်ဆီမှ ခပ်ချွဲချွဲပြောလာသည့် အသံကြောင့် မျက်လုံးမှိတ်လျှက်ပင် ကောင်လေးကပြုံး​၏။

"ခဏလေးပဲ"

စံလင်းစကားကြောင့် ပြည့်ဖြိုးဟန်ဆီမှ "ပြီးတာပဲ" ဟုခပ်လေးလေး ပြောသံလေး ထွက်ပေါ်လာသည်။ ထို့နောက်တွင်တော့ အခန်းအပြင်သို့ ထွက်သွားသည့် မကျေမချမ်း ခြေသံကလေး။ စိတ်ကောက်သည်မဆိုသာသော အချစ်စမ်းမှုတို့က စတင်ပြန်ပြီဟု စံလင်း မှတ်ချက်ချလိုက်မိသည်။

ချည်နှောင်မိသမျှ...သူ  ||  ခည်ြနှောင်မိသမျှ...သူDonde viven las historias. Descúbrelo ahora