(၅) Zawgyi

336 23 0
                                    

မနက်နေရောင်ခြည်နွေးနွေးက အခန်းပြတင်းဆီိမှ အခန်းလေးအတွင်းသို့ ဖြာကျလျှက်ရှိနေသည်။ လေအဝှေ့တွင်ပါလာသည့် မြေသင်းနံ့ကလေးက လိုက်ကာကို တိုးလေတော့ ဖြူလွှလွှလိုက်ကာလေးက မလှုပ်ချင်လှုပ်ချင်ကလေး လွင့်လို့။

သဘာဝအလင်းရောင်ရနေသည့်တိုင် အခန်းလေးအတွင်းတော့အနည်းငယ် အုံ့မှိုင်းလို့နေသည်။ ဟိုမှသည်မှကြားရသော လေသံများမှလွဲ၍ အရာရာကတော့ တိတ်ဆိတ်လို့...

အိပ်ယာလေးပေါ်တွင်ကား အမျိုးသားနှစ်ဦးကတော့ အိပ်မောကျလို့နေသည်။ ချစ်ရသူ၏ လက်မောင်းကို ခေါင်းအုံးရင်း အိပ်မောကျနေသည့် အမျိုးသားလေး။ ထို့အတူ အိပ်မောကျနေသည့်သူကို စက္ကန့်မလွတ်တမ်းငေးနေရှာသည့် နောက်အမျိုးသားလေးတစ်ဦး။

"စုန်း"

ရင်ခွင်ထဲမှ လှုပ်ရှားလာသည့် ခန္ဓာကိုယ်လေးကြောင့် ခေါ်သံခပ်ဖွဖွထွက်ပေါ်လာသည်။ ယခုအချိန်တိုင် စုန်းကတော့ နိုးမလာသေးပေ။

"ကလေးလေးကကွာ"

နှုတ်ခမ်းပေါ်က မှဲ့ကလေးကို အသည်းယားစွာ ခပ်ဖွဖွနမ်းလေတော့ အိပ်ပျော်နေသည့်ကောင်လေးက နှုတ်ခမ်းကလေးတွန့်ကွေးသည်အထိ ပြုံးသွားပြန်သည်။

"နိုးပြီလား"

ရ်ီဝေဝေကြည့်လာသည့်အကြည့်တို့အောက် ပြည့်ဖြိုးထပ်မံကျရှုံးရပြန်သည်ထင်​၏။ သူ့ကို အကြိမ်ကြိမ် ဖမ်းစားသော စုန်းပါပဲ။

"ပေါင်ပေါင်"

"အင်း"

"ပြည့်ဖြိုး"

"အင်း စုန်း"

"ကိုကို"

"စုန်း ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ"

"ရှူး"

လှဲနေရာမှ မခို့တရို့ဖြင့် လူးလဲထရင်း နှုတ်ခမ်းဆီဖိကပ်လိုက်သည့် အနမ်းလေးတစ်ပွင့်က မနက်ခင်းကို အသက်ဝင်လာစေသည့်နှယ်။

"အိပ်ပျော်ရဲ့လား"

"အင်း။ မင်းရော"

"ကိုယ်လား"

စံလင်းခေါင်းညိတ်ပြမိတော့ ပြည့်ဖြိုးက နူးညံ့စွာပြုံးသည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Aug 19, 2022 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ချည်နှောင်မိသမျှ...သူ  ||  ခည်ြနှောင်မိသမျှ...သူTempat cerita menjadi hidup. Temukan sekarang