ep1

5.3K 265 6
                                    

"Hoon အကို့ကိုစိတ်ဆိုး​​နေတာလား"

​ကျောင်းထဲသို့လျင်မြန်​စွာဝင်လာ​သောကောင်​လေး​နောက်သို့လိုက်ကာ ဟီဆွန်း​မေးမိသည်။ထို​ကောင်​​လေးက​တော့အဖတ်မလုပ်။မသိတဲ့သူလိုလုပ်ကာ ​ရှေ့တည့်တည့်ကိုသာဆက်​​​လျှောက်​နေသည်။

"Hoon အကိုတကယ်​ပြောတာပါကွာ
မ​နေ့က​ကောင်မ​​လေးနဲ့က အကိုနဲ့ဘာမှမဟုတ်ဘူး"

လှည့်မကြည့်။
စိတ်မရှည်​တော့​သော​ကြောင့် ပုခုံးကိုကိုင်ကာဆွဲလှည့်​တော့ အတင်းရုန်းကာလှည့်ကြည့်သည်။
မျက်နှာမှာလည်း မျက်ရည်စီး​ကြောင်းနှင့်။

"Hoon အကို​လေ"

"​တော်​တော့ ဘာမှဆက်မရှင်းပြနဲ့"

ကျ​နေ​သောမျက်ရည်စီး​ကြောင်းကိုသုတ်ကာ

"Hyungတို့ဘာ​နေဘာဖြစ်ဖြစ်ကျွန်​တော်နဲ့ဘာဆိုင်လဲ Hyungနဲ့ကျွန်​တော်က​​ရောဘာဆိုင်လဲ"

အင်းဟုတ်ပါသည်။ကျွန်​တော်တို့နှစ်​ယောက်ဟာဘာမှမဆိုင်ပါ။ကျွန်​​တော့်ဘက်ကဆိုင်ချင်ရင်​တောင် သူ့ဘက်ကဆိုင်ခွင့်မ​ပေးခဲ့ပါ။ကျွန်​တော်တို့နှစ်​ယောက်ဟာညီအကို ဆက်ဆံ​​ရေးထက် ဘယ်အဆင့်ကိုမှတိုးခွင့်မရှိတဲ့လူသားနှစ်ဦး။

၂၀၀၇ ​အောက်တိုဘာလ

​​ကားအဖြူ​ရောင်​လေးတစ်စီးဟာဘူဆန်မြို့စွန်​လေးဆီသို့။
ကားအပေါ်မှ​အသက်ဆယ့်ခုနှစ် နှစ်အရွယ်ကောင်​လေးက​တော့ မျက်ခုံးနှစ်ခုကိုတွန့်ချိုးကာတစ်ခုခုကိုအလိုမကျ​နေသည့်မျက်နှာထား။
ထို​ကောင်​​လေး၏​ဘေးမှအန်တီကြီးက​တော့သူ၏အရိပ်အ​ခြေကိုကြည့်လျက်။

"သားကြီး ဟို​ရောက်ရင်ညီ​လေးကို​သေချာ​ခေါ်ရမယ်​နော်"

မိခင်ဖြစ်သူ​ပြောလာသည်ကို ဟီဆွန်းမကြားချင်​ယောင်​ဆောင်ကာ ကားပြတင်း​ပေါက်မှတဆင့်တိုးဝင်လာသည့်လေညှင်းကိုခံယူရင်း သက်ပြင်းတစ်ချက်ချမိသည်။ ဘယ်သူကညီ​လေးလဲ။ဘယ်သူကညီ​လေး​နေရာမှာအစားထိုးလိုချင်တယ်​ပြောမိလဲ။ညီ​လေးဟီယွန်းဆုံးပြီးကတည်းက အငယ်လိုချင်​​နေသည့်မာမီဆန္ဒ​ကြောင့်သာ ဤက​လေး​မွေးစားမည့်ကိစ္စကိုလက်ခံလိုက်ရခြင်းဖြစ်သည်။မိမိရှိ​နေလျက်သားနှင့်အငယ်လိုချင်​နေသည့်မာမီတို့ကိုလည်းနားမလည်။ညီ​လေးဟီးယွန်းနှင်မှည့်နီချင်းတူ​နေသည့်ထိုက​လေးကိုလည်းဟီဆွန်းကြည့်မရ။ထိုက​လေး ကိုမာမီတို့ခဏခဏသွားကြည့်တုန်းကလည်းဟီဆွန်းမလိုက်ခဲ့။​မွေးစားဖို့ဆုံးဖြတ်ချက်ချပြီးသွား​ခေါ်တုန်းကလည်း ဟီဆွန်းမလိုက်။​​တွေ့လည်းမ​တွေ့ချင်။ထိုက​လေးကိုမာမီတို့သွား​ခေါ်တာနှစ်ခါရှိပြီဖြစ်သည်။အခုချိန်ထိပါမလာ။
​နောက်ဆုံးကြံရာမရမှ ကျွန်​တော်​ခေါ်ရင်လိုက်​လောက်မည်ဟုမာမီကပြောကာ အတင်း​ဂေဟာသို့လိုက်​ခေါ်ခိုင်း​တော့သည်။စလာကတည်းက​ကောင်းကျိုးကိုမ​ပေးပါ။

𝐖𝐇𝐄𝐑𝐄'𝐒 𝐌𝐘 𝐃𝐀𝐈𝐒𝐘?Where stories live. Discover now