ep10

1.3K 173 10
                                    

"ချစ်တယ် စီနီယာဟီဆွန်းကိုချစ်လို့
ကျွန်​တော့်အချစ်ကိုလက်ခံ​ပေးပါ"

​ကျောင်းထမင်းစား​ဟောခန်းကျယ်ကြီးတွင်
အစ်ကို့ကို ချစ်​ရေးဆို​နေ​သော​ကောင်​လေး။
အကိုက မအံ့သြသလို ထို​ကောင်​​လေး​ပြောတာကို
သာဆက်နား​ထောင်​နေသည်။ ​အလယ်တန်းနှင့်အထက်တန်းရှိ​ကျောင်းသားဆုံရာ​အချိန်မို့ အကုန်လုံးရဲ့အကြည့်​တွေကအကိုနဲ့ထို​ကောင်​လေးဆီမှာသာ။
ဒီလိုအ​ခြေအ​နေမျိုး​တွေ​​ဆောင်ဟွန်းကြုံ​နေကျပါ။
အကိုဟာ​ကျောင်းမှာ နာမည်ကြီးဆုံး​ကျောင်းသားဖြစ်သည့်အ​လျောက် အကို့ကိုသ​ဘောကျတွဲချင်တဲ့သူ​တွေကများသည်။ ​ယောကျ်ားမ​​ရွေး မိန်းမ​မ​ရွေးအကို့ကိုဖွင့်​ပြောကြစမြဲပင်။ ထိုအခါတိုင်းအစ်ကိုကငြင်းလွှတ်မြဲမို့ ​ဆောင်ဟွန်း စိတ်​​အေးရသည်။ ငြင်း​တောင်မငြင်းပဲ ထိုချစ်​ရေးဆိုစကားတို့ကိုနားမ​ထောင်ပဲ အမြဲတမ်း​ဆောင်ဟွန်းဆီသာလာစမြဲပင်။ အကို့ကို သူများဆီမှာလုယူမခံချင်တာ ညီတစ်​ယောက်မှာရှိသင့်တဲ့အတ္တ​​ပေလား။ Sunghoonသိတာက​တော့ သူ့ဆီကအကို့ကိုလုသွားမှာ​ကြောက်သည်။ အကိုက သူ့ထက်တခြားတစ်​ယောက်ကိုပိုချစ်သွားမှာ​ကြောက်သည်။ ငယ်စဥ်ကတည်းကမိဘမရှိခဲ့​​တော့ အကို့ကို​တွေ့ချိန် ဘဝမှာပထမဆုံးတွယ်တာမိသူကအကိုမို့ သူ​ကြောက်​နေတာဖြစ်မှာပါ။

အကိုက ခါတိုင်းလို​ရှောင်ဖယ်မသွားပဲ
ထို​ကောင်​​လေး​ပြောတာကို ဆက်နား​ထောင်​နေတာကိုမြင်ရတာ ရင်ပူလှသည်။ ညက​တောင်းခဲ့သည့်ကတိကို ခုထိမ​​ပေး​သေးတာလဲ Sunghoonရင်ထဲစိုးထိန့်နေမိပြီ။

"စီနီယာ ဟီဆွန်းကျွန်​တော့်အချစ်ကိုလက်ခံ​ပေးပါ"

ဒုတိယံမိ ထို​ကောင်​​လေးနှုတ်မှထွက်လာ​​သောထိုစကား။ အကိုက ထို​ကောင်​လေး​ကိုကြည့်​နေရာမှာ ​ဆောင်ဟွန်းရှိရာကိုလှမ်းကြည့်သည်။ ထို့​နောက်မျက်ခုံးတစ်ဖက်ကိုပင့်ပြသည်။

ဘယ်လိုလဲ ​လက်ခံလိုက်ရမလားဆိုတဲ့စကားကို အကိုထုတ်မ​မေးလဲ ထိုအပြုအမူနဲ့တင်သိပါသည်။ စိတ်ထဲကအကြိမ်ကြိမ် လက်မခံဖို့​ပြော​နေမိပါ​သော်လည်း အပြင်လက်​တွေ့ကမ္ဘာမှာ​တော့ အသံတို့ကို ဗလာနတ္ထိ။ လက်မခံပါနဲ့ ထိုစကားကို​ပြောချင်​ပေမယ့် တုန့်ဆိုင်း​နေသည့် မိမိအတွက် အကို့ဆီကပြန်ရလိုက်သည်က မဲ့ပြုံးတစ်ခု။

𝐖𝐇𝐄𝐑𝐄'𝐒 𝐌𝐘 𝐃𝐀𝐈𝐒𝐘?Where stories live. Discover now