ep3

1.7K 185 4
                                    

မနက်ခင်း​နေ​ရောင်နုနုကမျက်နှာအ​​ပေါ်
ကျ​ရောက်လာ​သော​ကြောင့်ဟီဆွန်းနိုးလာခဲ့သည်။
​ဘေးကပင်ဂွင်း​ပေါက်​လေးကိုလှည့်ကြည့်​​တော့
အိပ်​မောကျ​နေတာ​လေးကချစ်စရာ။
အသဲယား​စွာပါး​လေးကိုနမ်း​မွှေးမယ်ကြံ​တော့
​တားဆီးနေတဲ့ ပတ်သတ်ဆက်နွယ်မှု​တွေ​ကြောင့်
​လေထဲမှာသာရပ်တန့်လိုက်ပြီးမျက်နှာသစ်ရန်​​ရေချိုးခန်းထဲသို့ဝင်လိုက်သည်။

ဟီဆွန်းမျက်နှာသစ်သွားတိုက်ပြီး​တော့ပင်ဂွင်းရုပ်​လေးနဲ့သွားတိုက်တံ​လေးအ​ပေါ်သွားတိုက်​ဆေးညှစ်ပြီး​ဘေစင်​ပေါ်အဆင်သင့်ချထား​ပေးလိုက်သည်။
ဒီ​နေ့ပိတ်ရက်မို့ ​ဆောင်ဟွန်းက​ကျောင်းမသွားရပါ။
ရုံးစစဝင်ချင်းမို့ အလုပ်များ၍ရုံးကိုသွားချင်ပါ​သော်လည်း ပိတ်ရက်တစ်ရက်​လေး​တော့​ကောင်​လေးကိုအချိန်​​ပေးချင်သည်။

တံခါးဘဲလ်တီးသံကြားမှဟီဆွန်းထွက်ကြည့်​​တော့
တံခါးမှာချိတ်ဆွဲထား​သောခြင်းထဲမှာDaisy ပန်း။
ဒါသူငယ်ငယ်ကတည်းကလုပ်​နေကျအလုပ်ပင်ဖြစ်သည်။တစ်ရက်မပျက်ထိုပန်းကိုလာပို့ခိုင်း​နေကျ။
​ကောင်​လေးခန်းထဲမှာDaisyပန်းနံ့သင်း​နေတာမျိုးကိုမှဟီဆွန်းကသ​ဘောကျသည်​လေ။
ပန်းအိုးကို​ရေလဲကာပန်း​တွေကိုစီရရီထည့်ပြီး
​ကောင်​​လေးကုတင်​​ဘေးနားကခုံပုံ​ပေါ်မှာစနစ်တကျတင်လိုက်သည်။

ခုတင်​ပေါ်က​ကောင်​လေးကိုကြည့်​​တော့
မျက်ခွံတို့ကလှုပ်စိလှုပ်စိ။
နိုး​နေပြီကိုမထချင်လို့အပျင်းတစ်​နေတာပဲ။
ပန်းအိုးလဲထားသဖြင့်​​ရေစို​နေ​သောလက်ကို
​ကောင်​လေးမျက်နှာ​ရှေ့ခါလိုက်​တော့
မျက်ခုံးနှစ်ခုကိုတွန့်ချိုးကာ
ဆူပုတ်ပုတ်နဲ့ဟီဆွန်းကို ​ပေ​စောင်း​စောင်းကြည့်သည်။အဟားဘယ်လို​လေးလဲကွာ။

"ဘာလို့ လူကိုမနက်​စော​စောစီးစီးလာစ​နေတာလဲ"

ဟီဆွန်းကိုလည်းပြန်ရန်​တွေ့ရင်းမျက်လုံး​တွေကိုလက်နဲ့ပွတ်ကာအပျင်း​ကြောဆွဲ​နေ​သော​ကောင်​လေး။
တစ်ချက်တစ်ချက်မြင့်တက်သွား​သောအကျီစ​ကြောင့်
​ပေါ်​ပေါ်လာတတ်တဲ့ခါးသိမ်သိမ်​​ဖွေး​ဖွေး​လေး။
ဟီဆွန်းမ​နေနိုင်​တော့အသဲယားလာပြီ။
ကုတင်​ပေါ်သို့​ပြေးတက်ကာခါးကို
လက်နဲ့တို့ပြီးကလိထိုး​တော့တခစ်ခစ်နဲ့ရယ်သည်။
လက်​သေး​သေး​လေးနဲ့ဟီဆွန်းရင်အုပ်ကျယ်ကြီးကိုတွန်းကာ

𝐖𝐇𝐄𝐑𝐄'𝐒 𝐌𝐘 𝐃𝐀𝐈𝐒𝐘?Where stories live. Discover now