ဘဝရဲ့ အကောင်းဆုံးအချိန်က
ဘယ်အချိန်လဲ ခင်ဗျားတို့သိကြလား?မနက်မိုးလင်းလာတိုင်း ကိုယ်ချစ်ရတဲ့သူရဲ့
မျက်နှာအေးအေးလေးကို အရင်ဆုံး
မြင်တွေ့ခွင့်ရခဲ့တဲ့ အခိုက်အတန့်တွေပေါ့။လက်ထပ်ပြီး တစ်နှစ်ကြာသည့်တိုင်
အလုပ်စောစောသွားရတဲ့ ကျွန်တော့်အတွက်ကတော့ ဒေစီငယ်ရဲ့ ပါးဖွေးဖွေးလေးတွေ အိကျနေတဲ့ ဆံပင်အုပ်အုပ်လေးရယ် မှေးစင်းထားတဲ့ မျက်တောင်မွှေးစိတ်စိတ်လေးတွေက အနှစ်သာရရှိတဲ့ မနက်ခင်းတစ်ခုကို ပြီးပြည့်စုံစေတော့တာပဲ။ဒေစီငယ်ရဲ့ နှာတံစင်းစင်းလေးထက်က မှည့်နက်လေးကို ငုံ့နမ်းလိုက်တော့ အင့် ဆိုတဲ့ အသံသေးသေးလေးက ထွက်လာတယ်။ ထို့နောက် ကျွန်တော့်ကို ကျောခိုင်းကာ ကွေးခနဲပြန်အိပ်ပျော်သွားတဲ့ အမျိုးသားက တကယ်မြတ်နိုးစရာ အတိပါပဲ။
ခုတင်ပေါ်ကဖွဖွလေးဆင်းပြီး မျက်နှာသစ်သွားတိုက် ရေချိုးအဝတ်အစားလဲပြီးပြီဆိုတာနဲ့ မီးဖိုခန်းထဲဝင်ရတာက မနက်ခင်းရဲ့သမိုင်းပေးတာဝန်အလား။
ဘာမှမလုပ်တတ်တဲ့ ကောင်လေးကို ကိုယ်ကပဲဂရုတစိုက်လုပ်ပေးရမှ ကျေနပ်သူမို့ အချက်အပြုတ်သင်တန်းတက်မယ်ဆိုတာတောင် ခွင့်ပြုမပေးခဲ့ဘူး။ တက္ကသိုလ်ကျောင်းသားကြီးကို စာပဲလုပ်ခိုင်းထားရလေတယ်။
မနက်ခုနှစ်နာရီ....
မနက်စာအတွက် စားပွဲပေါ်မှာ ပြင်ဆင်ပေးပြီးတာနဲ့ အပေါ်ကိုအလျင်အမြန်ပြေးတက်ပြီး အိပ်ပုပ်လေးကို နှိုးရဦးမည်။
"ကောင်လေး ထတော့"
ဖင်လေးကို ပုတ်ပြီးနှိုးတော့ လက်ကိုဖယ်ချတယ်။ အိမ်ထောင်ကျပြီးအမျိုးသားလေးက ခုထိကလေးဆန်နေတတ်တုန်း။
"ကိုယ် အလုပ်သွားတော့မယ်"
"အင်း"
အင်းတစ်လုံးကိုတောင် ဆွဲငင်ကာပြောပြီး တာ့တာလုပ်နေတာ ကျွန်တော်ချစ်ရတဲ့ အမျိုးသားပါ။
"တကယ် ကိုယ်အလုပ်သွားပြီနော်"
"နိုး"
"ဘာနိုးလဲ"
YOU ARE READING
𝐖𝐇𝐄𝐑𝐄'𝐒 𝐌𝐘 𝐃𝐀𝐈𝐒𝐘?
Fanfictionဒေစီပန်းတွေကို ချစ်မယ် ဒေစီလိုဖြူစင်တဲ့မင်းကို မြတ်နိုးမယ် Own creation