1

1.1K 34 4
                                    

ဒင်း.....ဒေါင် ~
ဒင်း.....ဒေါင်~

ကျောင်းခေါင်းလောင်းတီးသံနှင့်အတူ
ကျောင်းသူကျောင်းသားအပေါင်းက လှုပ်လှုပ်ရှားရှား
ဖြစ်လာကြ၏။ မုန့်စားဆင်းချိန် လေးဆယ့်ငါး မိနစ်
အတွက် ကျောင်းသားဟူသရွေ့ကတက်ကြွလျက်သား

"ဆရာမကိုနှုတ်ဆက်! "

"မင်္ဂလာပါဆရာမ ၊ ကျေးဇူးတင်ပါတယ် ဆရာမ"

ဟူသော နှုတ်ဆက်သံများနှင့်အတူ
တစ်ခန်းပြီးတစ်ခန်း မုန့်စားဆင်းကြတော့သည်။
အခန်းရှေ့မှ ဖြတ်လျှောက်သွားကြသော
ကျောင်းသားများအား အလင်္ကာ ငေးကြည့်နေမိသည်။

ဝမ်းဗိုက်ထံမှ တစ္ဂြီဂြီ အော်မြည်သံနှင့်အတူ
ဆာလောင်လွန်းလှသောကြောင့် အလင်္ကာအပါအဝင်
အခန်းထဲရှိကျောင်းသားများ၏ မျက်နှာထားသည်
မသာမယာရှိလှ၏။

အတန်းကိုယ်စီ ဆင်းပြီဖြစ်သော်လည်း
အလင်္ကာ တို့အခန်းကတော့ဖြင့်မဆင်းနိုင်သေး။
အကြောင်းပြချက်သည်ကား အတန်းရှေ့တွင်
မျက်နှာထားတည်တည်ဖြင့်ရပ်နေသော
အတန်းချုပ်ကြောင့်ပင်။

မည်သူတစ်ဦးတစ်ယောက်မှလဲ အတန်းဆင်းပေးဖို့
မပြောရဲ။ ဆရာမ၏ လက်ထဲရှိ နှစ်လုံးပြူးကြိမ်လုံး
သည်ဟာသမဟုတ်။ သတ္တမတန်းအတန်းချုပ် ဖြစ်
သည့်အပြင် စည်းကမ်းကြီးလှသော အဆိုပါ ဆရာမ
၏ နာမည်ကြားရုံဖြင့် ဆိုးလှပါချည်ရဲ့ဆိုသည့်
ကျောင်းသားပင် အပိုးကျိုး၏။

"အိမ်စာမလုပ်ခဲ့တဲ့လူတွေ အလိုက်တသိနဲ့
ရှေ့ထွက်လာခဲ့။ ရွှမ်း! "

ပြောလည်းပြော လက်ထဲရှိကြိမ်လုံးနှင့်
ကျောက်သင်ပုန်းအား ရွှမ်းခနဲရိုက်ချသံကြောင့်
အတန်းရှေ့ကဖြတ်သွားသော ကျောင်းသားများ
သည်ပင် သုတ်ချေတင်ပြေးတော့သည်။

အချိန်အနည်းငယ်အတွင်း ကျောင်းသားငါးယောက်
သည် မျက်နှာငယ်လေးဖြင့်ထွက်လာကြ၏။
အတန်းချုပ်သည် ပါဝါအထူကြီးပါသောမျက်မှန်ကို
လက်နှင့်အသာတွန်းတင်လိုက်ပြီး အတန်းထဲသို့
တစ်ချက်ဝေ့ကြည့်လိုက်သေး၏။

"ငါလိုက်စစ်လို့မှတွေ့ရင် နှစ်ဆနာမယ်နော် "

အလင်္ကာ၏ ဒူးများသည်တစ်ဆတ်ဆတ်တုန်ရင်နေပြီး
အသက်ရှူပင်မဝတော့ချေ။ သူတမင်ရည်ရွယ်ပြီး
အိမ်စာမလုပ်ခဲ့တာမဟုတ်ရပါ။ အိမ်စာပေးလိုက်မှန်း
မေ့သွားရုံတင်။

မောင့်ကိုမှ ချစ်မိနေပါတယ် <<ေမာင့္ကိုမွ ချစ်မိနေပါတယ်>>Donde viven las historias. Descúbrelo ahora