Stay With Me [ Extra : When I Met You For The First Time ]

972 101 23
                                    

ယနေ့က အထက်တန်းကျောင်းစဖွင့်သည့်
ပထမဆုံးရက်ဖြစ်သည် ။ ညနေကျောင်းဆင်းချိန်၌ ဂျင်မှာ ထုံးစံအတိုင်း အိမ်ပြန်ရန် ကားဂိတ်တွင် ကားစောင့်နေသည် ။ ဘက်စ်ကားတွေမှာ တစ်စီးပြီးတစ်စီး ရပ်လာသည့်တိုင် သူစီးရမည့်ကားမှာ အခုချိန်ထိ မလာသေးပေ ။ ထိုစဥ် သူ့ဘေးနားမှာ ဝင်ထိုင်လာသည့်ကောင်လေးအား သတိပြုမိလိုက်သည် ။ ထိုကောင်လေးရဲ့ကျောင်းတံဆိပ်ကြောင့် ဂျင်မှာ သူနှင့်ကျောင်းတူသည်ကို သိရှိလိုက်သည် ။ ထိုကောင်လေးမှာ နားတွင်နားကြပ်တပ်ထားကာ အေးအေးလူလူဖြင့် ဖုန်းသုံးနေသည် ။

နောက်ဆုံးကျောင်းသားဖြစ်သည့်သူ့မှာ ထိုကောင်လေးကို ကျောင်း၌ မမြင်ဖူးသလို ကားဂိတ်၌လည်း တစ်ခါမှမကြုံဖူးပါချေ ။ ထို့ကြောင့် ထိုကောင်လေးက ပထမနှစ်ကျောင်းသား ဖြစ်လောက်မည်ဟု သူ တွေးလိုက်သည် ။

မကြာခင်မှာပင် သူစီးရမည့်ကားရောက်လာတာကြောင့် ဂျင်က မတ်တပ်ထရပ်လိုက်သည် ။ သူ့လိုပင် ထိုကောင်လေးကလည်း မတ်တပ်ထရပ်လာသည် ။ ဘက်စ်ကားမှာ ကားဂိတ်တွင် ရပ်တန့်လာသည်နှင့် သူက သွက်လက်စွာပင် ကားပေါ်သို့ တက်လိုက်သည် ။ အံ့သြစရာမှာ ထိုကောင်လေးကလည်း ကားပေါ်သို့ တက်လာလေသည် ။

အဘယ်ကြောင့်မှန်းမသိ ဂျင်မှာ ထိုကျောင်း
သားသစ်လေးကို စိတ်ဝင်စားမိသွားသည် ။

နောက်ထပ်တစ်ခု အံ့သြစရာကောင်းသည်မှာ ထိုကောင်လေးနှင့်သူ ဆင်းသည့် မှတ်တိုင်ကတစ်ခုသာ ခြားလေသည် ။ ထိုကောင်လေးက အရင်ဆင်းသွားခဲ့ပြီး နောက်မှတ်တိုင်၌ သူဆင်းရမည်ဖြစ်သည် ။

ထို့နေ့ကစပြီးနောက် ကားဂိတ်၌ ထိုကောင်လေးနှင့်သူက အမြဲတမ်း တွေ့ဆုံဖြစ်ကြတော့သည် ။ ဂျင်ကလည်း ထိုကောင်လေးကို ပိုပြီး သတိထားမိလာသလို ၊ ထိုကောင်လေးကလည်း သူ့ကို သတိထားမိပုံရသည် ။
ထိုကောင်လေးက အမြဲလိုလို ဖုန်းအကြည့်မပြတ်ဘဲ ရှိနေတာကြောင့် ဂျင်မှာ ဂိမ်းဆော့နေခြင်း ဖြစ်သည်ဟု ထင်မြင်မိလိုက်သည် ။
သို့ပေမယ့် တစ်နေ့၌ ကားပေါ်တွင် သူ့မှာလူတိုးရင်း ထိုကောင်လေးထိုင်နေရာနေရာသို့ ရောက်ရှိသွားခဲ့သည် ။ ထိုအချိန်တွင် ထိုကောင်လေးမှာ ရိုးရာမပျက်နားကြပ်တပ်လျက် ဖုန်းကြည့်နေပေမယ့် ဂိမ်းကစားနေခြင်းမျိုးမဟုတ်ဘဲ အင်္ဂလိပ်စာကို Lineပေါ်မှ လေ့လာနေသည်ကို အံ့သြဖွယ်တွေ့ရှိခဲ့ရသည် ။

Stay With Me [ Namjin ]Where stories live. Discover now