Stay With Me [2]

2K 233 0
                                    


တနင်္ဂနွေနေ့ရဲ့ မနက်ခင်းဟာ ဂျင် အတွက်တော့ သာယာမနေခဲ့ဘူး။

" မောလိုက်တာ..."

" အာ...အစ်ကိုကလည်း အခုမှ ပန်းခြံတစ်ပတ်တောင်မပြည့်သေးတာကို...ဆက်ပြေးရအောင်...လာ "

မောလွန်းလို့ အသက်လုရှူနေရတဲ့ ဂျင်ကို ဂျွန်းက ပခုံးပုတ်ရင်း ဆော်သြ သွားကာ အရှေ့ကနေ အရင်ပြေးသွားသည်။ ဂျွန်းက မနက်အစောကြီး အားကစားဖိနပ်နဲ့ ရောက်ချလာကာ " အားကစားလုပ်ရအောင် ဒါမှ ကျန်းမာမှာ " ဟု ဆိုပြီး ဂျင်ကို အတင်း ဆွဲခေါ်လာ
ခဲ့လို့ ဒီနေရာမှာ ဂျင်ရောက်နေခြင်း ဖြစ်သည်။ သူ့သဘောအတိုင်းသားဆို မနက်အစောကြီး အားကစားထလုပ်ဖို့ စိတ်ကူးတောင် ယောင်လို့ ရှိနေမည် မဟုတ်။

ပန်းခြံတစ်ပတ်ပြည့်အောင် ပြေးပြီးသွားတဲ့ အခါမှာတော့ ဂျင်က တွေ့ရာခုံတန်းလျားမှာ
ပစ်ထိုင်ချလိုက်သည်။ ဂျွန်းက အသင့်ယူလာတဲ့ ရေဘူးကို ဖောက်ကာ ဂျင် ကို ပေးလိုက်သည်။

" ကျေးဇူး..."

ဂျင်က ဂျွန်းပေးတဲ့ ရေဘူးကိုယူကာ အမြန်သောက်လိုက်သည်။

ဟူး...အသက်ရှင်ပြီ

" အစ်ကို ခဏနော် ဖုန်းကိုင်လိုက်ဦးမယ် "

ဂျင် ခေါင်းညိမ့်ပြလိုက်တော့ ဂျွန်းက အတော်လှမ်းလှမ်းမှာ ဖုန်းသွားပြောသည်။
ခဏလောက်ကြာတော့ ဂျွန်းက အသည်းအသန် နဲ့ ဂျင် အနားရောက်လာသည်။

" အစ်ကို...ကျွန်တော်သွားရတော့မယ် ဆေးရုံမှာ အရေးပေါ်လူနာ ရောက်နေလို့ "

စကားကို မြန်မြန်ပြောပြီး လှည့်ပြေးတော့မယ့် ဂျွန်းလက်ကို ဂျင် ဖမ်းကိုင်လိုက်သည်။

" အဲ့ အရေးပေါ်လူနာကို ကုပြီးရင် ငါ့အတွက်
အချိန်ပေးနိုင်မလား "

" အခြေအနေအရပဲ...အစ်ကို အရေးကြီးလို့ သွားတော့မယ် "

ဂျွန်းက ဂျင် ကိုင်ထားတဲ့လက်ကို အသာအယာလေး ဖြုတ်ကာ ပြေးထွက်သွားသည်။ ဂျင်က နဂိုနေရာကနေ ဂျွန်းရဲ့နောက်ကျောလေး မြင်ကွင်းကနေ ပျောက်ကွယ်တဲ့အထိ ရပ်ကြည့်နေ​ခဲ့သည်။

Stay With Me [ Namjin ]Where stories live. Discover now