Stay With Me [3]

1.9K 230 4
                                    


ဂျင် အိပ်ရာကနိုးနိုးချင်း ခံစားရတဲ့ခံစားချက်က ခေါင်းတစ်ခုလုံးကိုက်ခဲနေခြင်းပင်။ ငုတ်တုတ်ထ ထိုင်ကာ ဟိုဟို၊ဒီဒီ ကြည့်လိုက်တော့ အခန်းတွင်းပုံစံကို ဂျင် ​ရင်းနှီးနေသည်။

" အိမ်? ငါ့အိမ်ကို ဘယ်သူပြန်ပို့ပေးတာလဲ "

ဂျင်က Night stan ပေါ်မှာ ကပ်ထားတဲ့ စာရွက်လေးကိုမြင်တော့ ဖြုတ်ယူပြီး ကြည့်လိုက်သည်။

အမူးပြေ ​ပျားရည်ဖျော်ပေး ထားတယ် ပြီးတော့ မနက်စာလည်း ပြင်ပေး ထားခဲ့တယ်

ချစ်တယ် အစ်ကို...

စာကိုဆုံးအောင်ဖတ်ပြီးတဲ့နောက် ဂျင်မှာ အိပ်ယာပေါ်ကနေ ဝုန်းခနဲထကာ အောက်ထပ်ကို ပြေးဆင်းသွားသည်။

ကျေးဇူးပြုပြီး ငါ့မီးဖိုချောင်ကြီးမီးမလောင်ပါစေနဲ့...

မီးဖိုချောင်ထဲရောက်တော့ အရာအားလုံးသူ့နေရာနဲ့သူ ရှိနေတာကြောင့် ဂျင် မျက်ခုံးကျုံလိုက်သည်။

" ဘာမှခြေရာ၊လက်ရာ မပျက်ပါလား "

ဂျွန်းဆိုတာ စာအုပ်တွေကပေးတဲ့ဗဟုသုတတွေကို နှံနှံစပ်စပ်သိရင်သိမယ်၊ မီးဖိုချောင်အလုပ်ကိုတော့ ကောင်းကောင်းမသိတဲ့လူမျိုးဖြစ်သည်။ ဒါက ဂျွန်းအတွက် အားနည်းချက်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဂျင် အတွက်တော့  ချစ်ဖို့ကောင်းတဲ့အပြုအမှုလေး လို့သာ မြင်သည်။ တစ်ခါတစ်လေ ဂျင် တစ်ခုခုကိုအလိုမကျတဲ့အခါဆိုရင်တော့ ဂျွန်းရဲ့ မကျွမ်းကျင်မှုကို  စိတ်တိုမိသည်။ ဒါပေမဲ့ ဒါက ဆယ်ခါတစ်ခါတောင်မရှိပါ။

စားပွဲပေါ်က ဂျွန်းပြင်ပေး ထားတဲ့ မနက်စာကို ကြည့်လိုက်တော့မှ ဂျင် ကောင်းကောင်းသိသွားသည်။ အမှန်တော့ ဂျင်ချက်ထားတဲ့ စားစရာတွေကို ဂျွန်းက ပြန်ပြင်ပေးထားခြင်း ဖြစ်သည်။ ဂျင် ခေါင်းကို တွင်တွင်ခါကာ ဂျွန်းဖျော်ပေးတဲ့ ပျားရည်ကို သောက်လိုက်သည်။

ဂျင် နေ့လည်စာဘူးလေးကို သေချာထုတ်ကာ ဂျွန်းရှိတဲ့ဆေးရုံကို သွားဖို့ပြင်လိုက်သည်။

ဂျွန်းရဲ့ဆေးရုံကိုရောက်တော့ ဂျင် ကားပါကင်ထိုးလိုက်ကာ နေ့လည်စာဘူးကို လက်တစ်ဖက်က ကိုင်လျက်ဆင်းလိုက်သည်။ ဆေးရုံအ​ပေါက်ဝမှာ ဂျွန်းကိုဖုန်းဆက်ခါနီး ဓာတ်လှေကားကနေ ထွက်လာတဲ့ ဂျွန်းကိုတွေ့တာကြောင့်ဂျင် လက်လှမ်းပြလိုက်သည်။ ဂျွန်းက ဂျင်ကို မြင်တော့ မပြေးရုံတမယ် ခပ်မြန်မြန်လျှောက်လာသည်။

Stay With Me [ Namjin ]Where stories live. Discover now