Stay With Me [1]

4.3K 268 1
                                    

" ဂျွန်း... ဒီနေ့ ညနေအားလား"

"အာ...အစ်ကို ဒီနေ့ ကျွန်တော် ဂျူတီရှိတယ်

" ဟင်...ဒီနေ့က မင်း off တယ်မဟုတ်ဘူးလား "

" ဟုတ်တယ် ဒါပေမဲ့ ဟိုတစ်ခါ အစား ပြန်ဝင်ပေးရမှာ "

ဟုတ်တာပေါ့။ ဟိုတစ်ခါက သူ ဂျွန်းနဲ့ ရုပ်ရှင်အတူတူကြည့်ဖို့ ဂျီကျ၊ဂျစ်တိုက် ခဲ့သေးတယ်။ အဲ့နေ့က ဂျွန်း offရက်မဟုတ်တာကြောင့် ဂျွန်း မှာ တစ်ခြားတစ်ယောက်ကို အစားဝင်ပေးဖို့ အကူအညီတောင်းခဲ့ရတယ်။ ဒါကြောင့်မို့ ဒီနေ့ ဂျွန်းက ပြန်အစားဝင်ပေးရခြင်း ဖြစ်သည်။

ဂျင် နည်းနည်းတော့ စိတ်မကောင်းဖြစ်ပေမဲ့လည်း အဲ့နေ့ တစ်နေ့လုံး ဂျွန်းနဲ့ အတူတူရှိခဲ့ရတယ် မဟုတ်လား။

" အင်း..."

ဂျင်က အသံကို ခပ်တိုးတိုးပြောပြီး လက်မှာ
ပတ်ထားတဲ့ နာရီကို ငုံကြည့်လိုက်သည်။

11:15 AM

" ဂျွန်း...အဲ့ဒါဆိုရင် ငါ မင်းအတွက် နေ့လည်စာ လာပို့ပေးမယ်လေ "

" မပို့နဲ့တော့ အစ်ကို... စားဖြစ်မှာ မဟုတ်ဘူး ဆေးရုံမှာ လူအရမ်းများနေတာ နေ့လည်စာ စားဖို့အချိန်တောင်မရှိဘူး ဒါပဲနော် အစ်ကို "

ဂျွန်း ဖက်က ဖုန်းချသွားသည့်တိုင် ဂျင် ကတော့ ဖုန်းကို ကိုင်ထားဆဲ ဖြစ်သည်။

မင်းမျက်နှာလေး မြင်ရဖို့ ဒီလောက်တောင်ပဲ ခဲယဥ်းသလား ဂျွန်းရယ်...

တစ်ခါတစ်လေ ဂျွန်းဟာ သာမန်ဝန်ထမ်းလေး တစ်ယောက်ဖြစ်နေရင် ကောင်းမယ်လို့ ဂျင် အကြိမ်ကြိမ် စဥ်းစားမိသည်။ ဒီလိုဆို နေ့တိုင်း ဂျွန်းမျက်နှာကို တွေ့နိုင်မယ်။ပိတ်ရက်တိုင်း ဂျွန်းနဲ့အတူတူ လျှောက်လည်နိုင်မယ်။ တကယ်တော့ ဒါက စိတ်ကူးယဥ်မှုတစ်ခုပါပဲ။ လက်ရှိမှာတော့ ဂျွန်းမျက်နှာကို
ဂျင် မေ့ချင်ချင်တောင် ဖြစ်နေပြီ။

ဒီနေ့တစ်နေ့လုံး ဂျွန်းခင်မျာ တောင်ပြေးလိုက်၊ မြှောက်ပြေးလိုက်နဲ့ လူးလားခတ်နေတာပါပဲ။ ဆေးရုံမှာ လူအရမ်းများတဲ့အချိန်တွေဆိုရင် ထမင်းအေးဆေးစားဖို့အချိန်တောင်မရှိဘူး။ ဂျွန်း ပေါင်မုန့်အလွတ်တစ်လုံးကိုသာ ရေတစ်ဘူးနဲ့ မျှောချကာ အတင်းမျိုချ စားလိုက်သည်။ ည(7)နာရီ နောက်ပိုင်းလောက်မှာ လူပါးသွားတာမို့ တော်သေးတယ်။ ဂျွန်း တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့အတော်လေး ညစ်ပတ်နေပြီ။

Stay With Me [ Namjin ]Where stories live. Discover now