"မမ.....မမရယ် မမ ထပါဦးဗျာ.....မမ...."
Leo တစ်ယောက်ရှိုက်ငင်ကြီးစွာဖြင့် အသက်မပါသော ချစ်ရသူ၏ ခန္ဓာကိုယ်ကြီးကို ဖက်ကာ ငိုနေခြင်းပင်။
ရင်ဘက်ကနာကျင်မှုနဲ့အတူ မျက်ရည် ပေါက်တို့သည်ကား ပင်လယ်ပြာရောင် မျက်၀န်း များမှ သူ၏ ပြေပြစ်သောနှာတံဘေးမှဖြတ်ကာ မျက်နှာအောက်သို့ကျဆင်းလျက်။
"မောင့်ကို ကတိပေးထားတာ မေ့သွားပြီလားဟင်. မမ.....မောင်တို့ အတူတူ ဖူးခတ်ကမ်းခြေကိုသွားကြမယ်လေ....အယုဒ္ဓယမြို့ရဲ့ အလယ်ဗဟိုဘုရားမှာ သစ္စာဆိုကြမယ်လေ မမရဲ့....."
"မမ....မမကိုတို့မြန်မညလူမျိုးတွေက ကတိမဖျက်ဘူးမလား....အခု မသွားပါနဲ့ ဦး မမရယ်......နော်....."
ငိုသံများက အက်ကွဲကာ ရင်ထဲက နင်ကျင်မှုဒဏ်ကို အလျင်းဖော်ပြနေသည်။
အသက်မရှိတော့တဲ့သူက ထလာမှာမဟုတ်တာကို Leo သိပေမယ့် ရင်ထဲမှာ နာကျင်နေသည်ကတစ်ကြောင်း
ချစ်သူ ယခုလို ရုတ်တရက် အဖြစ်မျိုးကြုံရသည်ကို လက်မခံနိုင်သည်ကတစ်ကြောင်းတို့ကြောင့် လှုပ်နှိုးခေါ်ယူမိ နေတော့သည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. တိုက်ပေါ်က ပြုတ်ကျသည်တဲ့.......
မမက တိကျပြီး တည်ငြိမ်တဲ့သူတစ်ယောက်ပါ.....
ဒီလိုမတော်တဆမှုက မမမှာ လုံးဝမရှိနိုင်ဘူး......"ခွေးမသားတွေ ငါ့မမ တိုက်ပေါ်က ပြုတ်ကျတာမဖြစ်နိုင်ဘူးကွ!!!!!! မင်းတို့တွေအကြောင်းအရင်းသိအောင် မစုံစမ်းပေးနိုင်ရင် ငါကိုယ်တိုင်မင်းတို့ကို တိုက်ပေါ်က တွန်းချမယ်ကွ.....ကြားလားးးး!!!!!!!"
ယခုအချိန်မှာ ဘာကိုမှ ဂရုမစိုက်နိုင်။
မိမိချစ်သူရဲ့ ထွက်သွက်လေးကိုတောင်မမှီလိုက်တဲ့ မိမိကိုယ်မိမိအပြစ်တင်နေမိသည်။အသက်မဲ့နေပေမယ့် ချစ်ဖို့ကောင်း နေဆဲ ဖြစ်တဲ့ ချစ်သူရဲ့ ပါးပြင်ကို ပွတ်သပ်ကာ ငိုကြွေးခြင်းကို မရပ်တန့်နိုင် ဖြစ်နေ၏။
Sandy သည် စာတော်သလောက် ချစ်ဖို့လည်းကောင်းပြီး
နုဖတ် ဖြူဥကာ ပါးဖောင်းဖောင်းလေးများနှင့်
ပြုံးလိုက်တိုင်း ညီညာသည့် သွားတန်း လေးတစ်ဖက်စီမှ သွားစွယ်လေးမျာက
လူတကာကို စွဲဆောင်လျက်။အပြစ်ကင်းစင်သလောက် ကြင်နာတတ်ပြီး လူတကာကိုသည်းခံတတ်သူလေး။ ဒီလိုလူကိုဘယ်သူက မကျေနပ်နိုင်ပါသနည်း။
Leo တစ်ယောက် မိမိကိုယ်ကိုအပြစ်တင်ရင်း အတွေးများစွာ ခေါင်းထဲပြည့်ကျပ်နေစဉ်......"အကိုလေး......သဲလွန်စ......"
"ပြော......ဘာတွေလဲ သဲလွန်စတွေက"
မြို့နယ်ရဲစခန်းကို တိုင်လို့ရပေမယ့်
Leo က ရဲတွေရဲ့မတိကျမှုကြောင့် မိမိချစ်သူအတွက်အမှန်တရား မပေါ်မှာစိုးသည်။ထိုကြောင့် ရဲကိုဖုန်းပင်မခေါ်ခဲ့.."ပထမတစ်ခုက တိုက်အပေါ်ဆုံးနားမှာ ကျနေတဲ့ စိန်လက်စွပ်ကလေးပဲ......အကို ဒီလက်စွပ်ကိုသိလား?"
"ဟင်အင်း....မသိဘူး.....အဲ့တာကို လက်ဗွေပျက်စေနဲ့ နောက်တစ်ခုပြော..."
"နောက်တစ်ခုက မမလေး Sandy ရဲ့ ဖုန်းထဲက နောက်ဆုံး မတ်ဆေ့ ပဲ....."
"ဖုန်းက ပျက်မသွားဘူးလား...."
"ကံကောင်းစွာပဲ ဒီHONORက မှန်လေးကွဲသွားပေမယ့်် သုံးလို့ရနေသေးတယ်
""
ပြောပြောဆိုဆို Sandyရဲ့ ဖုန်းထဲကနောက်ဆုံး မတ်ဆေ့ ကိုပြသည်။
((((From Unknown-စောင့်နေရဲ့လားဘေဘီ
From Sandy-???
From Unknown- ငါပဲလေ
From Sandy- ဖုန်းနံပါတ်အသစ်ကြီးနဲ့ပါလား
From Unknown- ငါစောင့်နေတယ် မြန်မြန်လာ))))"ဒီအဆောက်အအုံက ခုမှဆောက်လက်စ....မမရဲ့ မိဘတွေနေဖို့ မမဆောက်ပေးနေတာ....ဖုန်းနံပါတ်အသစ်နဲ့ပြန်လာတယ်ဆိုတော့သေချာတယ် မမအသိထဲကပဲ"
မင်းပြေးထားဦးလေ လွတ်မယ်ထင်ရင်ပေါ့...........

YOU ARE READING
Into The Deep
Lãng mạnအတ္တဆန်တဲ့အချစ်လို့ပြောလဲခံမှာပါ..... ခံစားချက်တွေက ပြောင်းလဲတတ်တာမို့ မင်းပေါ် ကိုယ်ခံစားချက် ရှိနေချိန်လေး အဆုံးထိချစ်ပေးချင်မိတယ်