အမည်မသိသော ယောကျာ်းသားအုပ်စုတစ်စုသည် ကြည်လင်သော ကောင်းကင်အောက်ရှိ ဘင်္ဂလားပင်လယ်၏ ရေပြင်ပေါ်တွင် ပေါ့ပါးသွက်လက်စွာ ပေါ်ထွက်လာကြသည်။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ကာလအတန်ကြာမှ ပြန်လည်ဆုံတွေ့ဖြစ်ကြသော မိတ်ဟောင်းများသဖွယ် စကားစမည်ပြောနေကြသည်မှာ ပင်လယ်အော်ကြီးတစ်ခု အလယ်၌ ရေခက်သံများဖြင့် ရောနှောလျက်...
ဤမြင်ကွင်းကား ခါးဝက်မှစ၍ အကြေးအခွံများဖြင့် ဖုံးအုပ်ထားပြီးငါးအမှီးပါရှိသော ရေလူသားများ မုန်တိုင်းမလာခင် ဘုရင့်အမိန့်အရ ကိစ္စကြီးတစ်ခုပြုလုပ်ရန် ပြင်ဆင်နေကြခြင်းဖြစ်၏...
Pelagic မျိုးနွယ်ဝင် မိုးကြိုးလုပ်သား ရေသူထီးများသည်
သူတို့ရှင်ဘုရင် Zale မရောက်လာခင် ပေါ့ပါးစွာ နေနေကြ၏။
"ဘုရင်ကြီးရေပေါ်ကြွလာပြီ...."
နုပျိုသောအသွင်အပြင်၊ ဖြူဖျော့ ပြာလျော့သော
ဆံပင်ရှည်နှင့် တောင့်တင်းသောခန္ဓာကိုယ်အားပိုင်ဆိုင်ထားသည့် ရှင်ဘုရင် Zale သည် အလွန်တရာမှ ခန့်ငြားလွန်းလှပါသည်....
"Minao......ဒီနေ့က အရေးကြီးတာ မင်းသိတယ်မလား .... "
"သိပါတယ်အရှင်.....မင်းသားလေးနဲ့ နောက်ဆုံးရှိခဲ့တဲ့
အချိန်တွေက မနေ့တစ်နေ့ကလိုပါပဲ....."
"မင်းက ငါယုံကြည်ရတဲ့ လက်ရုံးတော်ပဲ.... ငါ့သားတော်မရှိတဲ့ ၁၅ နှစ်ဆိုတဲ့ ကာလတစ်လျှောက်လုံး မင်းက ငါ့ရဲ့ သမီးတော်လိုပါပဲ...."
"သက်ညှာမှုကို လေးစားပါတယ်အရှင်....Minao လိုသာမာန်ရေသူမတစ်ယောက်က အရှင့်ရဲ့ သမီးတော်ဆိုတဲ့ အခေါ်နဲ့ မလျော်ကန်ပါဘူး အရှင်...."
YOU ARE READING
Into The Deep
Любовные романыအတ္တဆန်တဲ့အချစ်လို့ပြောလဲခံမှာပါ..... ခံစားချက်တွေက ပြောင်းလဲတတ်တာမို့ မင်းပေါ် ကိုယ်ခံစားချက် ရှိနေချိန်လေး အဆုံးထိချစ်ပေးချင်မိတယ်
