Part(7) အနစ်နာခံသူ

6 1 0
                                        

"ဒီကောင်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ.......
ငွေရောင်ဆံပင်လေးတွေက ငါ့မျက်လုံးထဲမှာ ဆွဲဆောင်မှုအရှိဆုံးဖြစ်နေတာပဲ....."

"ငါတို့ အချိန်ကောင်းလေးတစ်ခုကို တူတူကုန်ဆုံးခဲ့တာပဲ...."

သူ့ရဲ့ ပေါင်တံဖြူဖြူလေးနဲ့ ပန်းနုရောင် နှုတ်ခမ်းလေးများကို တမ်းတမ်းစွဲသတိရနေတော့မည်......

မိမိအတွက် အရေးပါသော Lumpsucker ငါးသွေးလည်ဆွဲကို ယူကာ စနောက်နေသည်ကို စိတ်မထိန်းနိုင်ပဲ ထိုကောင်ကလေး၏ လက်အား အဆိပ်ဖြင့် မတော်တဆ ညှစ်မိခဲ့သည်။

"ငါချစ်မိလို့မဖြစ်ဘူး.....ငါ့သရုပ်မှန်ကို တစ်နေ့ဘယ်သူမှ လက်ခံနိုင်မှာမဟုတ်တဲ့အတွက်....."

Patrickကုန်းပေါ်တွင်နေလာသည်မှာ ၁၅ နှစ်ရှိပါပြီ.....
သို့သော် လူ့ခန္ဓာကိုယ်နှင့် အသားမကျသေးပဲ တစ်ခါတစ်ရံ စိတ်ဆက်သည့်အချိန် အကြေးခွံအချို့နှင့် လက်၌
အဆိပ်များ ထွက်လာတတ်သည်......

ယခု မိမိနှစ်သက်သော်လည်း ခံစားချက်အား
မဖော်ပြရဲပဲ သဘောကျနေမိသည့် ထိုကောင်လေးအား
နာကျင်အောင်လုပ်မိခဲ့သည့်အတွက် စိတ်ဆက်ခြင်းကို နောင်တရပြီး ကိုယ့်ကိုယ်ကို ဒေါသထွက်နေမိသည်။

ကုန်းပေါ်တွင် နေလာသည့်တစ်လျှောက်လုံး မိမိအရင်ဒေသLinton နှင့်မတူပဲ လွတ်လပ်စွာ နေ၍ရသောကြောင့် ယောကျာ်းလေးများကိုသာ စိတ်ဝင်စားသော Patrick အဖို့ ကုန်းမြေကို ရွေးချယ်ခဲ့ခြင်းကို နောင်တမရခဲ့ပေ။

တင်းကျပ်သည့်စည်းကမ်း၊ ကြမ်းကြုတ်သောရေသူထီးများ၊ ရက်စက်သော အမိန့်အာဏာများနှင့် မိမိသည် လုံးဝမအပ်စပ်ပဲ ကွဲထွက်နေသောကြောင့် Linton တွင်နေခဲ့သည့်တစ်လျှောက်လုံး ဤမျှလောက် မပျော်ရွှင်ခဲ့ရ။

ဘင်္ဂလား ပင်လယ်အော်ရှိ Pelagic မျိုးနွယ်နှင့် အိန္ဒိယ သမုဒ္ဓရာရှိ Lintonမျိုးနွယ်တို့ကြား ပရိပက္ခကြောင့်
မိမိမျိုးနွယ်ဘုရင် Lucaသည် မိမိအားPelagic မျိုးနွယ်၏ ၃နှစ် အရွယ်မင်းသားZayak အား ခိုးယူကာ သုတ်သင်ရှင်းလင်းရန်စေလွှတ်ခဲ့သည်...

မင်းသား Zayakအား ခိုးယူပြီး ရေတိမ်ပိုင်း သို့ သုတ်သင်ရန် ခေါ်လာခဲ့သော်လည်း....

Into The DeepWhere stories live. Discover now