Part(3) အဆိပ်ပြင်းသော လက်ဆုပ်

4 1 0
                                    

July 10
"အကို့လို ပြီးပြည့်စုံတဲ့ ယောကျာ်းမျိုး ညီမကြုံဖူးဘူး.... အကိုကတော့ ဆွဲဆောင်မှုရှိတယ်ဆိုတာထက်ပိုပါတယ်...."

ဟုတ်ပါသည်....အသားညိုစိုစို တောင့်တင်းသောခန္ဓာကိုယ်
နှင့် အချိုးကျသော မျက်နှာထား၊ ချိုမြိန်သော နှုတ်ခမ်းလှလှများအား ပိုင်ဆိုင်ထားသော သန်မာထွားကျိုင်းသည့်လူငယ်လေးတစ်ဦး။

စီးကရက်အနက်တစ်လိပ်အား ခုတင်ဘေးတွင်ထိုင်၍ဖွာနေရင်း ခဏတာ မောပန်းခဲ့မှုအား ဖြေလျှော့ နေသည်။

ပူနွေးနွေးဆေးလိပ်ငွေ့အချို့အားမှုတ်ထုတ်ကာ......

"ကျေးဇူးပါပဲ...."

"အကို ဒီလိုတွေ ခဏခဏ ဒိတ်ဖြစ်လားဟင်...စိတ်မရှိပါနဲ့ မေးကြည့်ယုံပါ"
"............."

မေးသူ ကောင်ကလေးမှာလဲ မကြာခင်ကမှ အသက်ပြည့်၍ လိင်ကိစ္စအား စူးစမ်းသူဖြစ်သလို အတွေ့အကြုံနုနယ်သည့်အတွက် ခန့်ညားကာ စွမ်းဆောင်ရည်ကောင်းသော Patrick အား Willy ခံစားချက်အနည်းငယ် ရစ်တွယ်မိနေသည်။

မိဘမရှိ....ဆင်းရဲသည့် လင်မယားမှ မွေးစားထားသော အသိုင်းအဝိုင်းမှကြီးပြင်းလာသူအဖို့ ယောကျ်ားချင်းလိင်ကိစ္စဆိုသည်မှာ မလုပ်ရဲလုပ်ရဲ စမ်းသပ်ရမည့်အတွက် လူလူချင်းပထမဆုံးအကြိမ်ဖြစ်သည့် ကိစ္စအား ခန့်ငြားသော Patrick အား ရွေးချယ်မိသည်။

"ကျွန်တော်နားလည်ပါတယ်ဗျာ...အကိုက အပျော်ပဲရှာတယ်ဆိုတာ....ဒါပေမယ့် ဒါကျွန်တော့်ရဲ့ ပထမဆုံးအကြိမ်မို့ နောက်တစ်ကြိမ်ကို အခြားတစ်ယောက်နဲ့လုပ်ဖို့ ဝန်လေးနေမိလို့ပါ"

စကားအလိမ္မာပါး၍ နောက်တစ်ကြိမ် သည်အကို ချောချောခန့်ခန့်အား Willy ပြန်တွေ့ချင်ပါသည်။

"ငါ သိပ်မအားဘူး....ခုတစ်ကြိမ်ကလဲ ထိုင်းမှာနေဖြစ်မယ့် နောက်ဆုံးနေ့မို့လို့"

"အကိုက ဘယ်ပြန်မှာလဲဟင် ဒီက မဟုတ်ဘူးလား"

"စကားများလွန်းတယ် မင်းနဲ့ဆိုင်လို့လား...
ငါ အခန်းခရှင်းပြီး ပြန်တော့မယ်...."

Into The DeepWhere stories live. Discover now