ဒီဘဝတော့ ဒီလောက်ပဲပေါ့ မမရယ်.......
မမအရင်ထွက်သွားပြီး နောက်ဘဝဆိုတာရှိခဲ့ရင် ကျွန်တော့်ရဲ့ မမပဲ ပြန်ဖြစ်ပါနော်.....
စျာပနသင်္ဘော တစ်ခု၏ ထောင့်တစ်နေရာတွင် တစ်ယောက်ထဲမှိုင်ကာ အတွေးများနေသော Leo......
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ယနေ့ကား Sandy Vanchira ရဲ့ စျာပန အခမ်းအနား...
သူမ မိဘတို့၏ အယူအဆအရ သူမ၏ ခန္ဓာအား ပင်လယ်ထဲသို့ သေသပ်စွာ ပို့၍ အနားယူခိုင်းမည်.....
Sandy မိဘများ ယုံကြည်ကြသည်မှာ မဟာပထဝီ
မြေအတွင်း၌မြှုပ်ခြင်းထက် ရေအောက်၌အိပ်စက်စေခြင်းက ဘဝကူးသူကို အေးချမ်းစေလိမ့်မည်......
"Leo...."
"သား မငိုနဲ့နော်.....သမီးလေး ငြိမ်းငြိမ်းချမ်းချမ်းအနားယူပါစေ.....သမီး မရှိတော့ပေမယ့် မင်းက အန်တီ့ရဲ့ သားလေးပါပဲ.....သမီးလေးရှိခဲ့စဉ်က ဂရုစိုက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်........"
"အန်တီရယ်.....အန်တီကလဲအမြဲတမ်း ကျွန်တော့်ရဲ့ မိခင်ပါပဲ.....ကျွန်တော် လက်မခံနိုင်သေးပေမယ့် ကြိုးစားပါ့မယ်..."
ဆွေမျိုးနှင့် လုပ်ဖော်ကိုင်ဖက် များတတ်ရောက်သောကြောင့် ကြွေကျလုနီးပါး မျက်ရည်တို့ကို အံကြိတ်ကာ တင်းထားရပါသည်.....
ပြာလဲ့သောကောင်းကင်အောက်၌ ပတ္တရား ကမ်းခြေ၏ ကြည်လင်နေသော ရေပြာပေါ်တွင် အနီရောင် ပန်းပွင့်များဖြင့် စီချယ်ထားသော မှန်ခေါင်းတွင်းရှိ အသက်မဲ့နေသော ခန္ဓာကိုယ်သည် လှချင်တိုင်းလှနေပါ၏။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
မမ.....မမသိပ်ကြိုက်တဲ့ အနီရောင်ဝတ်စုံလေးနဲ့ အနီရောင် နှင်းဆီတွေကို စျာပန အခမ်းအနားတစ်ခုလုံး ခြယ်ထားတယ်နော်.....
စျာပနပွဲအား ရောက်လာကြသူတို့မှာလဲ ဤနတ်သမီးတမျှလှပလွန်းသော ကောင်မလေးအား သနားကြ၊ နှမြောတသ ဖြစ်နေကြရသည်......
စျာပန အခမ်းအနားသည် မိဘများထဲမှလာသော ရှိုက်သံများမှ လွဲ၍ တိတ်ဆိတ်စွာပြီးဆုံးသွားခဲ့သည်.....
ရင်တွင်း၌ ပူလောင်မှူနှင့်အတူ ကျဉ်းကျပ်လှသော ခံစားမှူကြီးကား လူတစ်ယောက်ရဲ့ စိတ်သောကကိုဖန်တီးပေး၏။
အမြစ်တွယ်လေခဲ့သော ခံစားချက်တို့သည် တစ်ချိန်ချိန်တွင် မီးကဲ့သို့သော နာကျင်ပူလောင်မှုမျိုးကိုပေးနိုင်သော်လည်း လူသားတို့သည် ဤအချစ်ဆိုသောအရာကိုပင် တပ်မက်ကာ ရှာဖွေကြသည်မဟုတ်ပါလော......
စျာပနသင်္ဘော ကြီး ပြန်သွားသည်နှင့် ပင်လယ်နှင့် ဧရိယာ
တစ်ဝိုက်တွင် မိုးများ စတင်ရွာသွန်းလာခဲ့သည်။
သည်းထန်သောမိုးအဖြစ် ဆင့်ကဲရွာသွန်းမည့်အခြေအနေအောက်တွင် Sandy၏ ရုပ်ကလာဒ် မှန်ခေါင်းလေးသည်တရွေ့ရွေ့ဖြင့် နက်ရှိုင်းလာသော ညတွင်သာနေသော လ၏ ဆွဲငင်မှုမှ ဖြစ်ပေါ်လာသော ဒီရေလှိုင်းများမှ
ပုတ်ခတ်သည့်ဒဏ်ကိုခံနေရသည်။
ဒီရေလှိုင်းများ၏ ပုတ်ခက်မှုကြားတွင် Sandy၏ မှန်ခေါင်းမှာ ပွင့်ထွက်သွားပြီး တစ်ကိုယ်လုံး ပင်လယ်ရေငံနှင့် မိုးရေတို့ဖြင့် စိုစွတ်သွားသည်။
ထိုအချိန်၌ ပင်လယ်တွင်းဖြစ်ပေါ်မည့် မုန်တိုင်း၏ နိမိတ်ဖြစ်သည့် မိုးခြိမ်းသံများ စတင်ထွက်ပေါ်လာခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်မှာ ရုတ်တရက် နိမ့်ကျသွားခဲ့သည်....
မိုးခြမ်းသံနှင့် လရောင်များ၏ ပေါင်းစပ်မှုကြား တွင် Sandy၏ ခေါင်းတလားသည် ဒီရေအကျမှ ပေါ်လွင်လာသော ကျောက်တုံးကြီးများ ကျောက်ခက်ကြီးများကြားသို့ ဝင်ရောက်သွားသည်.....
ထိုစဉ်......
" မကြာခင်မုန်တိုင်းလာတော့မှာ....အဲ့အတွက်မင်းတို့ရဲ့ မှိန်းတွေကို အသင့်ပြင်ထားကြ!........."
ဘင်္ဂလားဒေ့ရှ် တစ်ဝိုက် အစိုးရသော ရေဘုရင် Zale ရဲ့ Pelagic ပြည်သားများအပေါ်အမိန့်ပေးသည့်အသံ.....
YOU ARE READING
Into The Deep
Romanceအတ္တဆန်တဲ့အချစ်လို့ပြောလဲခံမှာပါ..... ခံစားချက်တွေက ပြောင်းလဲတတ်တာမို့ မင်းပေါ် ကိုယ်ခံစားချက် ရှိနေချိန်လေး အဆုံးထိချစ်ပေးချင်မိတယ်
