Unicode
"ချယ်လန်း "
"ဟင် "
အအေးကိုငုံ့သောက်ရင်း မျက်လုံးလှန်ကြည့်ကာ ထူးလာတဲ့သူမကြောင့် ဂျောင်ဂုခပ်ဖွဖွလေးရီမိသည် ။
စည်းနှောင်မထားသဖြင့် ပြေကျကာ ရှုပ်နေတဲ့ဆံပင်တွေကို သပ်တင်ရင်း သူမကအလုပ်များနေ၏ ။ ကျောင်းပိတ်ရက်မို့ သူတို့ထွက်လည်ရင်း ဆိုင်တစ်ဆိုင်မှာ နားနေကြခြင်းပင် ။"နင်ငါ့ကိုအဖြေမပေးသေးဘူးလားဟာ "
"ဂျောင်ဂုရယ် ငါပြောပြီးသားပဲကို "
"ဒါပေမယ့် မနေ့ကဟိုကောင်စုတ်လေးပြောတာကို နင်လည်းတွေ့တာပဲ ငါနင့်ကိုကာကွယ်ပေးချင်တယ် ချယ်လန်းရယ် မနေ့ကလိုအဖြစ်မျိုးဖြစ်လာရင် သူငယ်ချင်းဆိုတဲ့ ပတ်သက်မှုလေးတစ်ခုတည်းနဲ့ ဝင်ပါနေရတဲ့ငါ့အတွက် မလုံလောက်ဘူး ငါနင့်ရဲ့သက်ဆိုင်သူဖြစ်ချင်တယ် "
"ဂျောင်ဂု နင်မသိသေးတာတွေအများကြီးပါဟာ "
ဝမ်းနည်းရိပ်သန်းနေတဲ့ချယ်လန်းကြောင့် ဂျောင်ဂုနှုတ်ဆိတ်နေမိသည် ။
"တကယ်တော့ နင်နဲ့ကျောင်းကလူတွေထင်သလို ငါကပြည့်စုံနေတဲ့လူမဟုတ်ဘူး တကယ်တော့ငါကအငယ်အနှောင်းဇနီးက မွေးလာတဲ့သမီးပဲ "
"နင်နောက်နေတာလား "
"ဟင့်အင်း ငါတကယ်ပြောနေတာ နင်စိတ်ပျက်သွားပြီမလား "
"ဘာလို့ပျက်ရမှာလဲ ငါသိတဲ့ချယ်လန်းက ဘာမှမှ ပြောင်းလဲမသွားတာ "
"ကျေးဇူးပါဟာ "
အပြုံးတစ်ခုနှင့်ပြောလာတဲ့ချယ်လန်းက ပုံမှန်ထက်ပိုနွမ်းလျလို့နေသည် ။ စားပွဲပေါ်တင်ထားတဲ့ ချယ်လန်းရဲ့လက်ကိုအသာအုပ်ကိုင်ရင်း ..
"ချယ်လန်း နင့်အကြောင်းတွေပြောပြချင်လား "
သူ့စကားအဆုံးချယ်လန်းတစ်ယောက်လှုပ်လှုပ်ရှားရှားဖြစ်သွားသည် ။ သူမကိုကြည့်ရတာ အနေရခက်ကာ တွန့်ဆုတ်နေဟန် ။
"နင်အဆင်မပြေရင်လည်း.."
"ဟင့်အင်း ပြောပြမယ် ငါလည်းမွန်းကြပ်တာတွေနည်းနည်းပဲဖြစ်ဖြစ်သက်သာမလားလို့ "
KAMU SEDANG MEMBACA
In Depth [[Taekook]]
Fiksi Penggemarthe way we hate & the way we love is in depth A Taekook story Yarya start date-Aug 5