Unicode
"ကယ်ပေးပါ ကယ်ပေးကြပါ ကြောက်တယ် အမှောင်ထဲမှာမနေရဲလို့ကယ်ပေးကြပါ!"
တိတ်ဆိတ်နေတဲ့ခြံဝန်းထဲမှ ဖျော့တော့နေသည့် အသံသေးသေးလေးကို မည်သူမျှ မကြားခဲ့ပါချေ ။
......................ဟွမ်အာအထက်တန်းကျောင်း ။ Seoulရှိ ထိပ်တန်းအထက်တန်းကျောင်းတွေထဲမှတစ်ခု ။ ကျောင်းတံခါးဝမှာ မိန်းမပျိုလေးများအပြိုင်အဆိုင် တိုးဝှေ့ရင်း စောင့်နေကြသည် ။
သိပ်မကြာခင်မှာပင် ကျောင်းထဲကို အရှိန်ပြင်းပြင်းဖြင့် မောင်းဝင်လာသည့် ပြိုင်ကားတစ်စီး ။ ပြောင်လက်နေတဲ့ ဖိနပ်တစ်ဖက်ထွက်လာရုံမျှဖြင့်ပင် အော်ဟစ်သံတို့ဖြင့် ဆူညံကုန်၏ ။"အား! ဂျွန်ဂျောင်ဂု "
ဂျောင်ဂုပြုံးလိုက်ရင်း အခြားတစ်ဖက်ကိုလျှောက်သွားကာ တံခါးဖွင့်ပေးလိုက်သည် ။
"ကင်မ်ချယ်လန်း ဆင်းလာခဲ့ပါဟ "
ကားထဲကကောင်မလေးဆီက စိတ်ရှုပ်နေသည့် အငွေ့အသက်တွေ ထွက်ပေါ်လို့နေသည် ။
"ဟဲ့ နင်ဖန်ဂဲလ်တွေကိုအရင်ရှင်းလိုက်အုံး စိတ်ညစ်ပါတယ် ရှက်စရာကြီး ဒါတောင် အမိုးဖွင့်မောင်းချင်သေးတယ်နော် "
"နင်ကလည်း ကဲပါ ထွက်လာခဲ့ ငါထွက်သွားဆိုလို့ထွက်သွားမယ့်လူတွေမဟုတ်ဘူး "
"လူဆိုးကောင် နင်တော်တော် ရေပန်းစားနေတယ်ပေါ့ "
"အရင်ထဲကလေဟာ "
ဂျောင်ဂုရဲ့ခပ်သောသောရယ်သံနှင့်အတူ ချယ်လန်း ကားပေါ်က ဆင်းလာသည် ။
ဂျွန်ဂျောင်ဂုနှင့် ကင်မ်ချယ်လန်း ။
ငယ်သူငယ်ချင်းများဖြစ်ကြပြီး အတူယှဉ်ရပ်နေလျှင်ပင် လိုက်ဖက်လွန်းသဖြင့်အများကအားကျရသည့် အတွဲညီသည့် လူနှစ်ဦးဖြစ်သည် ။ ထို့အပြင် နှစ်ဦးသားမတွဲကြသေးပေမယ့် ဂျောင်ဂုဖက်မှ တရားဝင် propose လုပ်ထားသည် ။သိပ်မကြာခင်မှာပင် ဇိမ်ခံကားအနက်ရောင် ကားရှည်ကြီးတစ်စီး ထိုးဆိုက်လာပြန်သည် ။ စိမ်းသက်နေသည့်မြင်ကွင်းကြောင့် ဂျောင်ဂုနှင့် ချယ်လန်းအပါအဝင် ကျောင်းသူကျောင်းသားအားလုံး ထိုကားအပေါ် အာရုံရောက်သွားကြသည် ။
ŞİMDİ OKUDUĞUN
In Depth [[Taekook]]
Hayran Kurguthe way we hate & the way we love is in depth A Taekook story Yarya start date-Aug 5