Part-2(U+Z)

1.2K 70 5
                                    


*Part-2* 🍀

သူနာပြုလျှောက်လွှာ ခေါ်စာကျတော့မယ်ထင်တယ်.
facebook ပေါ်မှာ ဒီအပတ်ထွက်မယ်ဆိုပြီးသတင်းတွေတွေ့နေတယ်...ကျွန်တော်ဘာဆုတောင်းရမလဲ.
သူနာပြုတော့မဖြစ်ချင်ဘူး..ဟူး.ကျောင်းလည်းဆက်မတက်ချင်ဘူး.မ နဲ့.ခြေရာကျန်ခဲ့တဲ့.တက္ကသိုလ် မှာ မကိုလွမ်းတဲ့အရိပ်တွေနဲ့ ရှေ့ဆက်ဖို့လဲအရမ်းခက်ခဲတယ်...

ဒါဆို ဒီလိုဆုတောင်းမယ်...သူနာပြုလျှောက်လွှာမှာ ကျွန်တော့်နာမည်ပါပါစေ..ကျွန်တော်နှင့်အတူ ဒုက္ခခံပေးမယ့် သူငယ်ချင်းတွေလည်း အတူပါပါစေဗျာ

မတတ်နိုင်ဘူး....ကျွန်တော်မပျော်ရင်သူတို့လည်းမပျော်ရဘူး..ဒါဟာသူငယ်ချင်းတွေအပေါ်ထားတဲ့ ကျွန်တော့်သစ္စာပဲ...

အရပ်ပုသလောက် စောက်ကျင့်ကလည်း ကျွန်တော့်ကိုကျွန်တော်အမွှန်းမတင်တော့ပါဘူး...ကောင်းတာလည်းမရှိဘူးဆိုတော့......

၁ပတ်လောက်ကြာတော့..စာကျလာခဲ့ပါတယ် ကျွန်တော်ရယ် ယုယရယ် နေရောင်ရယ် ၃ယောက်လုံး သူနာပြုပါသည်ဆိုလို့ အတိုင်းမသိကိုဝမ်းသာနေလိုက်ရတာဗျာ...

ဒီလိုနဲ့ ၂၀၁၈ ၁၁လပိုင်း ၁၅ရက်နေ့မှာကျွန်တော်တို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း မော်လမြိုင်မှာ သူနာပြုဆရာတစ်ယောက်ဖြစ်ဖို့ ၃နှစ်သင်တန်းကို စတင်တက်ရောက်ခဲ့ပါသည် ကျောင်းစည်ကမ်းကြိီးိချက်ကနောက်အပိုင်းမှာ ဆက်ပြောမယ်ဗျာ..

****************

ခုဆိုကျွန်တော်တို့..မော်လမြိုင်ကို hs ဆင်းဖို့ ခရီးဆက်ခဲ့ကြပြီး အဝေးပြေးကားဂိတ်မှာ ကားထွက်မယ့်အချိန်ကိုစောင့်နေကြသည်ပေါ့

ရိုးရိုးလေး VIP Express လေးနဲ့ ကျွန်တော် ရယ် နဒီ ရဲနောင် ဝေကြီး တို့နှင့်အတူ အခြားသူလည်းပါကြသည် မော်လမြိုင်ကိုဆင်းမယ့် hs squard. ပေါ့ အယောက် ၃၀လောက် ပေါ့ဗျာ..

ကားလေးတရွေ့ရွေ့ နဲ့ထွက်လာခဲ့တာ ယခုဆို ပဲခူးတိုင်းနဲ့မွန်ပြည်နယ်ကိုဆက်သွယ်ထားသည့် စစ်တောင်းတံတားကြီးကို ဖြတ်ကျော်လို့လာခဲ့ပြီး

ရင်ထဲမှာလည်း မရိုးမရွနဲ့ ရင်ခုန်နေမိသည်.နေရာအသစ်အတွက် စိန်ခေါ်မှုအသစ်လေးတွေနဲ့ ဘဝကစရတော့မှာ မလား ၂၄ အရွယ် ဆရာဝန်ပေါက်စလေးလည်း ရင်ခုန်တတ်ပါတယ်လို့.

ဒေါက်တာချစ်ရသော....အပုလေး👨‍⚕️❣ /ေဒါက္တာခ်စ္ရေသာ....အပုေလး👨‍⚕️❣(U+Z)Where stories live. Discover now