*Part-4*🍀Zawgyi code
Unicode အောကျမှာရှိပါတယျနျောလေညှင်းအေးအေးလေးတွေ တိုက်ခတ်နေတဲ့ ညနေအေးလေးမှာ မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက် ကားတွေဆိုင်ကယ်တွေ ရှုပ်ယှက်ခတ်လို့နေသည်
ကမ်းနားလမ်းဘေးက ပလက်ဖောင်းပေါ်မှာ အားကစား လိုက်စားသူတွေ.များအပြား ပြေးလွှားနေလို့ ဒန်းခုံတွေပေါ်မှာလဲ.အတွဲကိုယ်စီ အုပ်စုကိုယ်စီဖြင့် နေဝင်ဆည်းဆာနှင့်အတူ တစ်နေ့တာလုံး စိတ်ပင်ပန်းထားသမျှကို လာရောက်ဖြေဖျော့ကာ အပန်းဖြေနေပုံရသည်ထိုလူအများအပြားထဲတွင်.ကျွန်တော်တို့လည်းပါဝင်သည် ပလက်ဖောင်းတစ်လျှောက်အပင်တွေ ညီလို့ ကမ်းတစ်ဖက်က ဘီလူးကျွန်းကလည်း နေဝင်ဆည်းဆာနှင့်အတူလှပလို့ ဘယ်ဘက်ကကြည့်ရင် တံတားတစ်စင်း ညာဘက်ကြည့်ရင်တံတားတစ်စင်း အပြင် ကမ်း နားတစ်လျှောက်ကွေးကောက်နေသည်မို့ နေဝင်ပီးနောက်ထွက်လာသည့် မီးရောင်တွေနှင့်အတူ ဟိုဘက်ထိပ် ဒီဘက်ထိပ်ကိုလည်း လှပစွာမြင်တွေ့ရပြန်သည်
ခရီးပန်းလာသည့်နေ့မှာ မော်လမြိုင်ရဲ့ကမ်းနားအလှနှင့်လေညှင်းလေးကြောင့်ပင် ပင်ပန်းနေသည့်စိတ်တွေပါ ပျောက်ပျက်ကုန်၏
YOU ARE READING
ဒေါက်တာချစ်ရသော....အပုလေး👨⚕️❣ /ေဒါက္တာခ်စ္ရေသာ....အပုေလး👨⚕️❣(U+Z)
Romanceဒီ ဝတ္ထုလေးသည် မည်သည့် professional ကိုမှ စော်ကားထားခြင်း မရည်ရွယ်ပါ ဆရာဝန် မှိုင်းဒီယံလေးနဲ့ သူနာပြုဆရာလေး မိုးတိမ်ညို တို့ရဲ့ ချစ်စရာအချစ်ဇာတ်လမ်းနှင့်အတူ မွနိပြည်နယ်ရဲ့အလှအပ မော်လမြိုင်ရှိဆေးရုံ များရဲ့အလွဲအချို့တွေကို ဖော်ကျူးရေးသားထားခြင်းဖြစ်ပ...