*Part-1*🍀" မောင်.......နင်နဲ့ငါလမ်းခွဲရအောင်..."
" ဟာ.မ ဘာဖြစ်လို့လဲ..မောင်မကို ကစားလို့ဝသွားတာလား...မရစ်သမျှ.မောင်သီးခံပေးခဲ့တယ်..မကမောင်ကို.လမ်းခွဲဖို့တဲ့လား.."
" ဟုတ်တယ်မောင်..မ မင်းကိုပျင်းလာပြီး.."
". တောက်စ်.......ကျွန်တော်ဘာများမှားခဲ့လို့လဲ...မ မင်းရက်စက်တယ်ကွာ...."
" မောင်သဘောတူတယ်လို့...မသတ်မှတ်လိုက်မယ် ..သွားပြီးနော်.."
" မ..မသွားပါနဲ့ မောင့်..ကိုမထားခဲ့ပါနဲ့..မောင် မ မကြိုက်တာအကုန်ပြင်ပေးပါ့မယ်..."
ပါးပေါ်ကစီးကျလာသည့်မျက်ရည်များနှင့်အတူ. ကျွန်တော့်ကိုမချစ်တဲ့သူကို ကျွန်တော်ဆွဲနေမိတယ်..
အသုံးတော်ခံဖြစ်နေမှန်းသိရင်တောင်.မ အနားပဲနေချင်နေမိတယ်.ဒါကအချစ်ဦးမို့လား လက်လွှတ်ရမှာ မောင်သိပ်ကြောက်တယ်မရယ်.....
" မ.....ညည ဗိုက်ဆာတတ်တာ ဘယ်သူကမကို စားစရာတွေလာပို့ပေးမှာလဲ..မ ဓမ္မတာလာရင် ဘယ်သူကမအတွက်ရေနွေးအိပ်ကပ်ပေးမှာလဲ..မိုးခြိမ်းရင် မ ကြောက်တယ်မလား...ဘယ်သူက မ ကိုဖက်ထားပေးမှာလဲ.. မသွားပါနဲ့မ.."
"ငါ ကိုယ့်ဘာသာကိုယ် ဂရုစိုက်နိုင်တယ်မောင်...မင်း.မ ကိုချစ်ရင်.လက်လွှတ်ပေးဖို့တောင်းဆိုပါတယ်..."
မရဲ့နောက်ဆုံးစကား တစ်ခွန်းကြောင့် ကျွန်တော် မရဲ့လက်ကိုလွှတ်ပေးလိုက်ခဲ့ပါတယ်
ဖော်ပြမတတ်တဲ့နာကျင်မှုရယ် တားစီးလို့မရတဲ့ မျက်ရည်တွေနဲ့ မော်လမြိုင်တက္ကသိုလ်ရဲ့ အဓိပတိလမ်းမဘေး....မှာ ကြောင်ရပ်နေမိတဲ့ကျွန်တော်
ရာသီဥတုက ကျွန်တော့်ဘက်မှာဗျ....မိုးဖွဲလေးတွေကြား ငိုနေမိတဲ့ကျွန်တော့်ကို...Uni. students တော်တော်များများ ကြည့်နေလဲ ကျွန်တော် မရှက်နိုင်..အချစ်ဦးနဲ့အဆုံးသတ်လေးကမလှပဘူးဗျာ
ဒါ က ကျွန်တော် Uni ပထမနှစ်မှာရခဲ့တဲ့ စိတ်ဒဏ်ရာပေါ့...အဲ့တာထက် ထပ်ချစ်ရမှာ ကြောက်သွားတာဆိုပိုမှန်တယ်...
YOU ARE READING
ဒေါက်တာချစ်ရသော....အပုလေး👨⚕️❣ /ေဒါက္တာခ်စ္ရေသာ....အပုေလး👨⚕️❣(U+Z)
Romanceဒီ ဝတ္ထုလေးသည် မည်သည့် professional ကိုမှ စော်ကားထားခြင်း မရည်ရွယ်ပါ ဆရာဝန် မှိုင်းဒီယံလေးနဲ့ သူနာပြုဆရာလေး မိုးတိမ်ညို တို့ရဲ့ ချစ်စရာအချစ်ဇာတ်လမ်းနှင့်အတူ မွနိပြည်နယ်ရဲ့အလှအပ မော်လမြိုင်ရှိဆေးရုံ များရဲ့အလွဲအချို့တွေကို ဖော်ကျူးရေးသားထားခြင်းဖြစ်ပ...