One Shot - Part 2

1.4K 368 7
                                    

[Unicode]

@MuLi2013: တကယ် မပျော်ဘူး။

ယဲ့ချွီ၏နှုတ်ခမ်းတွေတန်းသွားသည်။ သူလည်းမပျော်ဘူး။ ဒီနေ့ သူတို့လေးယောက် ရီပို့သွားတင်ပြီး အပြန်တွင် ညစာဝင်စားခဲ့ကြသည်။ ဒီလူက မမျှော်လင့်ဘဲ ဖုန်းနင်ကို အရက်လျှော့သောက်အောင် လုပ်မိလိုက်တာကြောင့် သူမက အဓိပ္ပါယ်မရှိတာတွေကို တရစပ်ပြောနေခဲ့သည်။

မပျော်ဘူး!

ယဲ့ချွီ ခက်ခက်ခဲခဲနှင့် သူနောက်ဆုံးဖတ်ခဲ့ထားပြီးသော postအထိ ရောက်အောင် ဆွဲသွားပြီး ဆက်ဖတ်နေလိုက်သည်။

တကယ်တော့  Muli2013သည် အရင်ကပျော်နေခဲ့တာပဲ။ ယဲ့ချွီ သူပျော်နေသောအကြောင်းများကို ဖတ်ရင်း ပြုံးနေမိသည်။ ဒါပေမယ့် ထိုpostတွေက လွန်ခဲ့တဲ့၂နှစ်ခန့်က ဖြစ်ပြီး သူမှတ်မိသလောက် အဲ့ဒီအချိန်တုန်းက မစ္စတာမုလီသည် သူ့fanမဟုတ်သေးပေ။ ယဲ့ချွီ သက်ပြင်းချလိုက်သည်။

@MuLi2013: အနာဂတ်မှာ ငါတို့ဘယ်တော့မှ အဆက်အသွယ်ရှိကြတော့မှာ မဟုတ်ဘူးလို့ ငါထင်တယ်။ တကယ်တော့ ငါသူ့ကို အရမ်းနီးနီးကပ်ကပ်တွေ့ရဖို့လည်း မမျှော်လင့်ထားပါဘူး။

သူဘာတွေဖြစ်နေတာလဲ။ မျှော်လင့်ချက်မရှိမှန်း သိနေတာတောင် သူက မဆုတ်မနစ်လိုက်နေတုန်းပဲ။ တိတ်တိတ်လေးပဲ ခိုးကြည့်ရဲနေပြီးတော့...

ကြည့်ရတာ crushရှိကြတဲ့လူတွေမှာ ပြောစရာမလိုဘဲ အချင်းချင်းနားလည်နိုင်တဲ့ ဘာသာစကားတစ်ခုရှိကြပုံပင်။ MuLi2013၏ အချစ်ဒိုင်ယာရီကို ဖတ်ပြီးနောက် ယဲ့ချွီ သေသေချာချာ စဥ်းစားကြည့်လိုက်သည်။ သူ ထိုသူနှင့်သွားတွေ့ပြီး စကားပြောရမည်။ ဖြစ်နိုင်ရင် ဒီနှစ်တွေမှာ သူ့ရဲ့အားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောရင်း ဒီမျှော်လင့်ချက်မရှိတဲ့၊ မဖြစ်နိုင်တဲ့အချစ်ကို စွန့်လွှတ်လိုက်ဖို့ ဖြောင်းဖျရမည်။

သူ့၏fanလေးကို သူ့လိုမျိုးအဖြစ်မခံနိုင်ဘူးဟု ယဲ့ချွီတွေးလိုက်သည်။

မနက်ပိုင်းတွင် သူ ဓာတ်ခွဲခန်း၌ ရှိပြီး ညပိုင်းတွင် သူ့ဇာတ်လမ်းတွေကို updateလုပ်သည်။ ညသန်းခေါင်ရောက်လျှင် MuLi2013၏ ကျန်နေသေးသော weibo posts များကို ဆက်ဖတ်သည်။ ဒီလိုနှင့် နောက်ဆုံးတော့ သူဖတ်လို့ပြီးသွားခဲ့သည်။ MuLi2013၏ ပထမဆုံးသော weibo postကို ကြည့်ရင်း ယဲ့ချွီ အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။

မစ္စတာ Zombie Fanအား ရှာဖွေခြင်း [One Shot_Completed]Donde viven las historias. Descúbrelo ahora