One Shot - Extra

1.5K 376 4
                                    

[Unicode]

@MuLi2013: ငါမင်းကိုတစ်သက်လုံး​စောင့်​ရှောက်သွားပါ့မယ်။

-----

Extra 1 - သဝန်တိုခြင်း • လင်ပင်း

"ဒါဆို လင်ပင်း​ကြောင့် ငါ့ကို unfollowလုပ်တာမဟုတ်ဘူး​ပေါ့"

စုလီမု သူ့​ခေါင်းကို ခါလိုက်ပြီး ​လေးနက်စွာ​ပြောလိုက်သည်။ "မင်းက သူ့ကို တကယ်ကြီး ဆက်ထားထားဖို့ စီစဥ်ထားတာလား။ ငါက​တော့ သူက​တော်​တော်​လေး စိတ်ရှုပ်ဖို့​ကောင်းတယ်လို့ ထင်တယ်။"

ယဲ့ချွီ ရယ်ရမလား၊ ငိုရမလားပင် မသိ​တော့​ပေ။ ဒါက တကယ့်ကို နားလည်မှုလွဲသွားတာပဲလို့ သူ​တွေးလိုက်သည်။

ဒါ​ပေမယ့် စုလီမု ထိုသို့​ပြောလိုက်တာက သူ့ပါးကို ဖြတ်ရိုက်လိုက်သလိုပင်။ ယဲ့ချွီ ဓာတ်ခွဲခန်း၏တစ်ဖက်ခြမ်းကို ​လှမ်းကြည့်လိုက်​တော့ ဖုန်းနင်က လင်းရန်အနားတွင် ရစ်သီရစ်သီလုပ်ရင်း စကား​ပြော​နေသည်။ လင်ပင်း၏ဇာတ်​ကောင်ကို အရမ်းမုန်းစရာမ​ကောင်း​တော့​အောင် သူလုပ်​ပေးနိုင်လိမ့်မည်ဟု ရက်​ရောစွာ ​တွေးလိုက်သည်။

-----

Extra 2 - Temperate Ocean နှင့် Arctic Circle • စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကို ထိခိုက်​စေသည်။

"ဘာလို့ ငါ့ကို Mr. Temperate Oceanလို့ ​ခေါ်တာလဲ?"

"မင်းလည်းငါ့ကို အာတိတ်စက်ဝိုင်း (Arctic Circle)လို့ ​ပြောတာပဲ​လေ" စုလီမု ​ပေါ့​ပေါ့ပါးပါးဖြင့် ​ဖြေလိုက်သည်။

သူ​ဒေါသထွက်​နေပြီ! ယဲ့ချွီ၏စိတ်ထဲတွင် အချက်​ပေးသံတစ်ခု မြည်လာသည်။

"မင်းက အာတိတ်စက်ဝိုင်းပဲ​လေ။" ယဲ့ချွီ အမှန်အတိုင်း​ပြောလိုက်သည်။ "ငါက ​အေးတာကို ကြိုက်ပြီး အပူကို​ကြောက်တယ်ဆိုတာ မင်းမသိတာလည်း မဟုတ်ဘဲနဲ့"

စုလီမု တုန်လှုန်သွားသည်။ သူ့မျက်လုံးများတွင်​တော့ နူးညံ့မှုများနှင့် ပြည့်​နေသည်။

"မင်းက ငါ့ကို စိတ်အ​ခြေအ​နေနဲ့ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအတွက် မ​ကောင်းဘူး၊ ထိခိုက်​စေတယ်လို့​တောင် ​ပြောခဲ့​သေးတယ်​လေ" ယဲ့ချွီ ညည်းညူလိုက်သည်။

မစ္စတာ Zombie Fanအား ရှာဖွေခြင်း [One Shot_Completed]Tempat cerita menjadi hidup. Temukan sekarang