"အိုကေ၊ စိတ်ကို ကြည်ကြည်လင်လင်ထားမယ်၊ လူနာတွေအတွက် စိတ်အေးချမ်းမှုလေးတွေပဲ ပေးနိုင်အောင် ကြိုးစားမယ်"
အသက်ကို ဝဝရှူသွင်းပြီး ကိုယ့်ကိုယ်ကိုယ် ပြောနေခြင်းဖြစ်တယ်။ ဟုတ်တယ်။ ဒီနေ့က ဟောဒီ့ Shinhae Hospice မှာ ပထမဦးဆုံးတာဝန်စကျတဲ့နေ့။ Hospice ဆိုတဲ့နေရာက သာမန် ဆေးရုံတွေလိုမဟုတ်ဘူးလေ။ အသက်ရှင်ရမယ့် အချိန် အကန့်အသတ်ပဲရှိတဲ့ လူနာတွေအတွက် စိတ်သက်သာရာရစေဖို့ လာထားရှိတဲ့နေရာ။ နားလည်လွယ်အောင် ပြောရရင်တော့ လူနာတွေရဲ့ နောက်ဆုံးလက်ကျန်နေ့ရက်တွေကို ဒီမှာ ဖြတ်သန်းကြတာပေါ့။ ဒီလိုနေရာမျိုးမှာ ရှိတတ်တဲ့လူနာတွေဆိုတာ အရာရာကို လက်လျှော့လိုက်တာဖြစ်စေ၊ မိမိရဲ့ သက်တမ်းကို လက်ခံလိုက်တာဖြစ်စေ၊ တစ်နည်းနည်းနဲ့ စိတ်အားငယ်နေကြသူတွေဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် အကြောင်းတရားတွေကို လက်မခံနိုင်ပဲ နာကျည်းခံပြင်းနေကြသူတွေလည်း ရှိမယ်။ ဒါ့ကြောင့် Hospice လို နေရာမျိူးကို တော်ရုံ ဘယ်ဆရာဝန်မှ မလာချင်ကြဘူး။ အဓိကကတော့ case သိပ်မရတာလည်း ပါတာပေါ့။ Case ဆိုတာ သိတယ်မဟုတ်လား၊ ကျွန်တော်တို့ ဆေးရုံလောကမှာက အစွမ်းပြရမယ့် case တွေလည်း အရေးပါတယ်လေ။ လူနာတွေကိုကယ်တင်တာခြင်း အတူတူကိုမှ case ကြီးကြီးတစ်ခုခုမှာ ကိုယ့်လက်စွမ်းပြလိုက်ရရင် တက်လမ်းတွေဆိုတာအတွက် အခွင့်အရေးပိုရှိတယ်လေ။ အဲ့ဒါကို ဘာလို့များ Hospice ကို လာဖို့ လက်ခံလိုက်တာလဲဆိုပြီး ကျွန်တော့်သူငယ်ချင်းတွေကတော့ အားမလို၊အားမရဖြစ်ခဲ့ကြပေမယ့် Shinhae Hospice ဖြစ်နေတော့ နည်းနည်းတော့ တော်သေးတယ်ဆိုပြီး ဖြစ်ကြပြန်ရော။
Shinhae Hospice
Seoul မှာ အကြီးမားဆုံး Shinhae Hospital ရဲ့ HospiceHospice ချင်း တူရင်တောင် Shinhae Hospice ဖြစ်နေတဲ့အတွက် တခြားနေရာတွေထက်တော့ အခွင့်အလမ်းပိုရှိမှာပေါ့။ ဒီမှာ တာဝန်ကျပြီးရင် တခြား ဆေးရုံတွေဘက် ပြောင်းဖို့ နည်းနည်းပိုလွယ်ကူသွားတယ်ပေါ့။ ဒါပေမယ့် တော်ရုံ ဘယ်သူမှတော့ အဲ့လို အချိန်တွေ မရင်းကြပါဘူး။ Hospice တစ်ခုမှာ တာဝန်ကျတယ်ဆိုတာ လွယ်တာမှမဟုတ်တာ။ ဆေးကုသဖို့ဆိုတာထက် လူနာတွေရဲ့ စိတ်ခံစားချက်တွေကို အေးချမ်းအောင် ကူညီပေးဖို့ ပိုအရေးကြီးတာမဟုတ်လား။ Physical ကုသရေးအပြင် Mental ပိုင်းအတွက်ပါ ဂရုစိုက်ပေးရတဲ့နေရာလေ။ ဒီလိုနေရာမျိုးကို လာဖို့ လက်ခံလိုက်တာက ကိုယ်လည်း စိတ်ပါနေလို့ပါ။ Mental Health နဲ့ ပက်သက်ပြီးလည်း ကိုယ်လေ့လာနေတာဖြစ်တာကြောင့် ဒီမှာ စာလေ့လာချိန်လည်း ပိုရနိုင်တယ်လေ။
YOU ARE READING
Cure? [Hiatus]
FanfictionHospice ဆိုတဲ့နေရာက သာမန် ဆေးရုံတွေလိုမဟုတ်ဘူးလေ။ အသက်ရှင်ရမယ့် အချိန် အကန့်အသတ်ပဲရှိတဲ့ လူနာတွေအတွက် စိတ်သက်သာရာရစေဖို့ လာထားရှိတဲ့နေရာ။ 🌿 မင်းက ဘယ်လောက်ထိ စိတ်ရှည်နိုင်မှာလဲ.... 🌿 ကျွန်တော် ဒီအကြောင်းအရာတွေကို သေချာသိချင်တယ် သိရအောင် ကြိုးစားမယ်