04

226 27 2
                                    

လူနာ Chart ကို ဖွင့် ဖွင့်လိုက်ချင်းပေါ်လာတာ သူ့နာမည်။

Hwang Hyunjin?
Hwang? နေပါဦး ရင်းရင်းနှီးနှီး ကြားဖူးနေတာပဲ....
.
.
Hwang Enterprise?
မျိုးရိုးနာမည် တူနေတာများလား?
ဒါပေမယ့် Hwang ဆိုတဲ့ မျိုးရိုးက များများစားစားရှိမနေ။ ပြီးတော့ အခု မြင်နေရတဲ့ Room 305 နဲ့ အနေအထားအရ အများကြီးဖြစ်နိုင်နေတယ်။ နေဦး ဒါဆို ဒီလူနာက....

နားနေခန်းထဲ ပြန်ရောက်တာနဲ့ ဖုန်း ထုတ်ပြီး နာမည်တစ်ခုရိုက်ရှာ၊ ဆက်လိုက်တယ်။

"Hello?"

"Julia? အခု ဖုန်းပြောလို့ရလား?"

"အေး ပြောလေ။ ငါ အခုလေးတင်ပဲ Zoom Class ပြီးတာ။ အားပြီ"

"နင် မှတ်မိသေးတယ်မဟုတ်လား။ နင့် ငယ်ငယ်တုန်းက သူငယ်ချင်းလေ။ ဟို တစ်ယောက်လေ၊ နင်သိပါတယ်။ ဟိုကိစ္စ..."

"...."

"Hello, Julia? အဆင်ပြေရဲ့လား။ ဆောရီး။ ငါ ညနေမှ အိမ်လာခဲ့တော့မယ်။ အေးဆေး စကားပြောရအောင်"

"Umm. လာခဲ့လေ။ နင်ဘယ်ချိန် Duty off တာလဲ"

"ငါ ဒီနေ့ ပုံမှန်အချိန်အတိုင်း off လိုက်မယ်။ ၆ နာရီကျော်လောက်ပေါ့။ ထွက်လာရင် စာပို့လိုက်မယ်"

"Okay~"

ဖုန်းဆက်ပြီးမှ ပြန် တွေးမိတယ်။ စကားစလိုက်မိတာ ကောင်းပါ့မလား။
Julia သည် Seungmin ရဲ့ Cousin လည်းဖြစ်၊သူငယ်ချင်းလည်းဖြစ်သူ။ ငယ်ငယ်တည်းက တစ်ကျောင်းတည်းတူတူ တက်ခဲ့သူဖြစ်တော့ သူ့သူငယ်ချင်းအချို့နဲ့လည်း မျက်မှန်းတန်းမိပါသည်။ ထိုအထဲမှာမှ ထူးထူးခြားခြား မှတ်မိနေတဲ့ နာမည်တစ်ခု။ အထူးသဖြင့် Julia အတွက်ပေါ့။

- ဒေါက် ဒေါက် ဒေါက် -

"‌ဆရာ သမီးတို့ ပြန်ရောက်ပြီနော်။ Lunch Break သွားတော့လေ။ Dr. Lee ခဏ လာထိုင်ပေးမယ်တဲ့"

Nurse လေးတွေ လာပြောမှ ထမင်းမစားရသေးမှန်းသတိရတော့တယ်။ ဗိုက်ပင် မဆာတော့။ လေခံသွား၍လား၊ အတွေးတွေ ရှုပ်ကုန်၍လားတော့ မသိ။

"ဒါနဲ့...."

counter က Nurse လေးတွေ ခေါင်းမော့လာတော့

"ဟို အခန်း 305 က လူနာကို အပြင်မှာ လမ်းလျှောက်မပေးဘူးလားဟင်?"

You've reached the end of published parts.

⏰ Last updated: Jan 02, 2022 ⏰

Add this story to your Library to get notified about new parts!

Cure? [Hiatus]Where stories live. Discover now