03

174 23 7
                                    

ဘာလိုလိုနဲ့ Shinhae Hospice ကို စရောက်တာတောင် ၁ ပါတ်ပြည့်ပြီပဲ။ ဒီက လုပ်ဖော်ကိုင်ဖက်အသစ်တွေက ဖော်ဖော်ရွေရွေရှိတာရယ်၊ အရမ်းကြီး အလုပ်မများတာရယ်ကြောင့် အရမ်းကြီးတာဝန်ပိတယ်ဆိုတာတော့မရှိပါဘူး။ ဒါပေမယ့် Physically အပြင် Mentally ပါ ဂရုစိုက်ပေးရမယ့် လူနာတွေဖြစ်တာကြောင့် စိတ်နှစ်ပြီး နွေးနွေးထွေးထွေး ဆက်ဆံပေးတာကြောင့် တစ်ပါတ်အတွင်းမှာပဲ Dr.Kim, Dr.Kim ရယ်လို့ လူနာတွေသဘောကျလက်ခံတဲ့ ဒေါက်တာလေးဖြစ်လာခဲ့တယ်။

"ဒေါက်တာရေ၊ ဒီနေ့ Ward 3 ကိုပဲ အားဖြည့်ပေးပါနော်။ သမီးတို့ပဲရှိတာ။ Sister ကြီး ဒီနေ့ နားရက်မို့လို့"

"ဆရာဝန် မလောက်ဘူးဖြစ်နေတာလား ဒီနေ့?"

"အဲ့လိုတော့ မဟုတ်ပေမယ့် ဟို.. ဟို  ဒေါက်တာနဲ့ဆို ပိုပြီး ပြောရဆိုရ အဆင်ပြေလို့ပါ"

မျက်နှာငယ်လေးနဲ့ လာပြောနေကြတဲ့ Nurse အငယ်လေးတွေကို ကြည့်ပြီး သနားရပြန်ရော။ ကိုယ် intern ဆင်းတုန်းကလည်း ဘုမသိ၊ဘမသိအချိန်တွေ ရှိခဲ့တာကိုး။

"ကောင်းပြီလေ။ ဒါဆို ကျွန်တော် Round ပြီးရင် ဒီဘက် နားနေခန်းထဲမှာပဲ ရှိမယ်။ Lunch Break သွားမယ်ဆို ကျွန်တော့်ကို အကြောင်းကြားပေးနော်။ စာဖတ်စရာလေး နည်းနည်းရှိနေလို့"

Nurse လေးတွေတော့ ပျော်သွားလေရဲ့။

- ဒေါက် ဒေါက် ဒေါက် -

"ဝင်ခဲ့ပါ"

" ဆရာ၊ သမီးတို့ Lunch Break သွားမလို့"

"ဪ အေး၊ ကျွန်တော် လာခဲ့မယ်။ ၃ မိနစ်လောက်ပဲစောင့်ပေးနော်"

စာထဲ အာရုံရောက်နေတာနဲ့ နေ့လည်ရောက်သွားတာတောင် သတိမထားမိဘူး။ ဖတ်လက်စ စာအုပ်တွေကို Bookmark တွေ ညှပ်ရင်း ခပ်သွက်သွက်ပြန်စီပြီး အပြင် ထွက်လာခဲ့လိုက်တယ်။

"ဆရာ၊ သမီးတို့သွားပြီနော်။ မြန်မြန်စားပြီး ပြန်ခဲ့ပါမယ်"

"ရပါတယ်၊ အစာမကြေဖြစ်ဦးမယ်။ ကျွန်တော် Chart ပြန်ဖတ်လိုက်ဦးမယ်။ အေးဆေးသွား"

Nurse လေးတွေ ထွက်သွားတော့ Tablet ယူပြီး Chart ဖတ်နေလိုက်တာပေါ့။ အင်း 302 က လူနာဆီ Check up ပြန်လုပ်လိုက်ပါဦးမယ်။ မနေ့က injection အသစ်ပေးထားတာဆိုတော့ နည်းနည်း နုံးနေမလားလို့။

Cure? [Hiatus]Where stories live. Discover now