Episode - 3 ( Uni code )

351 40 12
                                    

"sol ဒီနေ့လာတာဘာလို့နောက်ကျနေတာလဲ အမြဲစောရောက်တတ်နေကျကို"

"တခုခုဆိုအဲ့နှုတ်ခမ်းကဆူဖို့ချည်းပဲ အိပ်ယာထနောက်ကျသွားလို့ပါ"

"ဟုတ်လို့လား"

"ဘာ ဘာ ဘာဖြစ်လို့လဲ"

Jiwanက မယုံသလိုပြောပြီး sol ရဲ့မျက်နှာနားနီးကပ်အောင်ရှေ့ကိုတိုးလာတာမလို့ sol တယောက်အနေရခတ်စွာ မျက်နှာကိုဘေးသို့စောင်းလိုက်တယ်။

"နင်ဖျားချင်နေတာမဟုတ်ဘူးလား"
လို့ပြောအပြီး လက်ကလဲ sol ရဲ့နဖူးပေါ်သို့တသားတည်း နီးကပ်နေတဲ့မျက်နှာကြောင့် ရင်ခုန်တာလား ဖျားချင်သလိုဖြစ်နေလို့ကိုယ်ရှိန်တတ်နေတာလား ဆိုတာ sol ကိုယ်တိုင်ပဲသိလိမ့်မယ်။

"နည်းနည်းပါ"

" sol ahh ငါတို့ကျောင်းဆင်းတိုင်း တူတူပြန်ရအောင်လေ "

"ဘာလို့လဲ"

"Bus စီးချင်လို့ arnyi  အဲ့တာက စိတ်ဆန္ဒတဝက် နင်နဲ့တူတူပြန်ရရင်ပိုပျော်ဖို့ကောင်းမာဟီးးး"

Jiwanက ကလေးလေး တယောက်လို သူ့လက်မောင်းကိုလှုပ်ရမ်းပြီးပြောနေတာကြောင့်တကယ်ချစ်စရာကောင်းလွန်းသည်။ သူ jiwan နဲ့တွေ့တိုင်းစိတ်ညစ်စရာဆိုတာရှားသည် အခေါက်တိုင်းလိုလိုပြုံးမိသည်သာ အင်း တခါတလေ ဘဲပေါက်လေးမူးနေတဲ့အချိန်ကလွဲလို့ပေါ့ ဒါပေမဲ့ မူးနေတဲ့jiwan လေးကလဲ လသားကလေးလေးတွေလို ရူးလောက်အောင်ချစ်စရာကောင်းတယ်ဆိုတာလက်ခံရမဲ့အမှန်တရားပဲ ။တခါတလေလဲ jiwan က မိန်းမဆန်ဆန်လှတတ်သေးသည် ကလေးလိုချစ်ဖို့ကောင်းတာမျိုးမဟုတ်ပဲ  ရင့်ကျက်တဲ့မိန်းကလေးငယ်လေးလိုမျိူးပေါ့။

"Sol. . . Sol လို့"

"ဟမ် အမ် အာ ပြောလေ"

"Yrrr ငါနင့်ကိုခေါ်နေတာကြာပြီလေ နံရံကိုပြုံးပြုံးကြီး စိုက်ကြည့်နေပြီးတော့" (pout)

"ဆူပြန်ပြီ အဲ့နှုတ်ခမ်း အဲ့နှုတ်ခမ်းက"

"Yoon sol ရှင့် ကျမနှုတ်ခမ်းနဲ့ ကျမဘာသာဆူတာဘာဖြစ်လဲရှင့် အရမ်းတွေလူကိုလိုက်တိုက်ခိုက်နေတာပဲ"
"Jiwan jiwan တူတူသွားမယ်စောင့်ဦးလေး jiwan hahahahah"
စိတ်ဆိုးပြီးတယောက်တည်းရှေ့ကပြေးသွားသောအကောင်ပေါက်လေးဆီ sol တယောက်ပြေးလိုက်ရပါသေးတယ်.....
🔔 🔔 🔔
" Sol ငါတို့ ကျောင်းပြီးဖို့မလိုတော့ဘူးနော်"

ABIDING Where stories live. Discover now