"Yoon sol"သူ့ကိုမြင်တာနဲ့ထွက်သွားမဲ့ဟန်ပြင်နေတဲ့ sol ရှေ့သူပိတ်ရက်လိုက်တယ်
"Sol ငါ့ကိုစိတ်ဆိုးနေတာလား"
"စိတ်ဆိုးစရာအကြောင်းရင်းရှိလို့လားjiwan?"
"ငါတကယ်တောင်းပန်ပါတယ်sol ရယ် ငါ date လုပ်ဖို့ပေါ်လာလို့...."
Solကjiwan စကားကိုဖျတ်ပြောပြီး
" date date date date အဲ့ ကိစ္စတွေပဲနင်လုပ်နေလိုက် မိန်းကလေးဖြစ်ပြီးရည်းစားကိုမှိုလိုပေါက်အောင်ထားမှဖြစ်မှာလား?"
"Sol ah စိတ်မဆိုးပါနဲ့ငါတို့ဒီနေ့ရုပ်ရှင်ကြည့်မယ်လေနော်နော်"
Jiwan sol လက်မောင်းလေးကိုကလေးလေးတွေကိုင်သလိုကိုင်ပြီးလှုပ်ရမ်းပြောလိုက်တယ်
"တော်ပြီ jiwan နင်နဲ့ပတ်သတ်ပြီးဘာမှမပြောချင်တော့ဘူးတခါလဲမဟုတ်၂ခါလဲမဟုတ် ငါမနေ့ကရုပ်ရှင်ရုံမှာဘယ်လောက်ကြာအောင်တယောက်ထဲစောင့်ခဲ့ရတယ်ထင်လဲ အကျိုးအကြောင်းတောင်တဆက်မှမရှင်းပြပဲနင်က တော့အေးဆေးဖြစ်နေတာလေ ငါကတော့တခုခုဖြစ်ပြီလားလို့စိတ်ပူနေရတာ နင့်စိတ်ထဲငါ့ကိုနင့်သူငယ်ချင်းလို့ရောမြင်ရဲ့လား?"
"..........."
Sol လဲတကယ်ဒီတခါစိတ်ဆိုးနေတာမလို့jiwan ကိုင်ထားတဲ့သူ့လက်ကိုဖြုတ်ချကာလှည့်ထွက်သွားတယ်။
Jiwan pov:ဒီတခါတော့ငါမှားသွားပြီထင်တယ် အေးလေ ငါကလဲငါ sol ကိုမလာဖြစ်ကြောင်းလေးဘာလေးပြောရမှာပေါ့ ahhhh"
Jiwan တွေးပြီးသူ့ခေါင်းသူခေါက်လိုက်တယ်
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ပန်းပုလုပ်နေချိန်sol ကသူ့ကိုတချက်မှလှည့်မကြည့်တာမို့ jiwan အတွက်တော်တော်နေရခတ်နေပြီ အလယ်တန်းထဲကနေအခုထိ အရင်းနှီးဆုံးဆိုလို့ jiwan ပဲရှိတယ်လေ သူ့မှာကသူငယ်ချင်းထပ်ရှိပေမဲ့ sol မှာကသူ့တယောက်ထဲပဲ ရှိတာ ဒါပေမဲ့ ဒီmajor ရောက်တော့ sol ကိုသူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးရင်း sol ကနည်းနည်းခင်တတ်လာတယ် ဒါပေမဲ့ sol ကသူ့ကိုအချစ်ဆုံးပါ အမြဲတမ်းသူပဲစိတ်ဆိုးစိတ်ကောက်ခဲ့ရပြီးsol ကချော့နေကြမလို့နောက်ကျပြန်တည့်မှာဆိုတာသူသိလို့ sol စိတ်ဆိုးပြေမဲ့အချိန်ပဲ သူစောင့်နေမိတယ်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
![](https://img.wattpad.com/cover/278798665-288-k182393.jpg)
YOU ARE READING
ABIDING
Fanfictionထာဝရရဲ့မနက်ဖြန်တိုင်းအတွက်ချစ်ခြင်းတရားအပြည့်နဲ့ငါ့နှလုံးသားကမင်းဆီကိုပဲဦးတည်နေတယ်။ဘယ်အချိန်ထဲကရစ်ပတ်ခံနေရမှန်းမသိတဲ့ဒီသံယောဇဉ်ကြိုးတွေရဲ့အဓိပ္ပာယ်ကိုသိလိုက်မိချိန်မှာ မင်းကငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကိုရောက်နှင့်နေပြီ။ ...