လောကတခွင် ဒီမိုးတွေသဲတော့...
အဆန်းတကြယ်ရင်ခွင်ထဲ
ရှက်သွေးတချို့နဲ့ခိုနားခဲ့ဖူးတယ်....................
June 6....2021...။မိုးဖွဲဖွဲလေးကျနေတယ်.....။မှန်အကြည်ကနေ
မိုးစက်ကလေးတွေဟာလာလာရိုက်ခတ်နေတယ်..။
ကျွန်တော် မိုးရာသီကိုသိပ်ချစ်တာပဲ...
အကြောင်းပြချက်ပေးပါဆိုရင်လေ ...
ပစ္စုန်ပန်ကိုမိုးအေးအေးမှာစခဲ့ပြီး....
ခုရှေ့ဆက်ရမယ့် အနာဂါတ်ဟာလည်း
မိုးအေးအေးလေးမှာစဖြတ်သန်းရတော့မှာမလို့....။အနွေးထည်ကိုယ်စီနဲ့လူတွေ...
ထီးကိုယ်စီနဲ့ပြေးလွှားနေကြတာကိုကြည့်ပြီး
ပျော်စရာမဟုတ်တောင်ကျွန်တော်တော့
ပြုံးပြီးလိုက်ကြည့်မိနေတာပဲ.....။မေတ္တာနံ့တွေကို မြေသင်းနံ့တွေနဲ့အတူ
2010 ခုနှစ်မိုးရာသီအစ ခုလိုJuneလမှာပဲ
ကျွန်တော် ရှာတွေ့ခဲ့တာ....မိုးစက်တွေကြားကမေတ္တာလေးဟာ
အသားဖြူဖြူလေး
အလွန်လှတဲ့မျက်လုံးလေးတွေပိုင်ဆိုင်ပြီး
စကားတိုးတိုးလေးပြောတဲ့အခါ
သိပ်ရင်ခုန်ဖွယ်ရာကောင်းတဲ့သူ...။သိပ်မွှေးပျံ့တဲ့ဆံပင်လေးတွေ နဲ့
Jiminshi လို့ခေါ်ဆိုလေးတိုင်းမှာကျတော်ဖြင့်
ချစ်လိုက်တာ မိုးတွေသည်းသည်းထဲမမှီမကမ်း
အရပ်အမောင်းကြီးကို အတင်းအကျပ်မော့နမ်း
မိတဲ့အထိ... ။ကျွန်တော်မေတ္တာအရှိဆုံးကတော့
ကျွန်တော့်ကိုကြည့်လေတိုင်း
အချစ်တွေလုံလောက်လွန်းတဲ့ ဝိုင်းစက်နေတဲ့
မျက်လုံးဝိုင်းဝိုင်းလေးတွေပဲ.....။ပါးစပ်ကတစ်ခွန်းမှထုတ်မပြောပြရင်
တောင် အကြည့်တစ်ချက်နဲ့.ပဲ
တလောကလုံးကိုသိအောင် သူ့နှလုံးသားကို
ဖွင့်ဟပြတတ်တဲ့သူ.....
ဘေးလူတွေလည်းအားလုံးသိခဲ့ကြသလို
ကျွန်တော်လည်းကြိတ်ကျေနပ်ကာ မျက်နှာလေးရဲခဲ့မြဲ။ပြန်တွေးမိတာနဲ့...ရင်ခုန်မှုတွေဟာ
ကျန်ခဲ့သောမိုးရာသီလေးတွေကအတိုင်း
လက်ဆတ်နေတုန်း....။
YOU ARE READING
မိုးစက်ပုံပြင်ငယ်(Eden Contest)
Romance"ရူးလိုက်ချင်စရာကတော့သည်းသည်းမဲမဲ မိုးရေတွေထဲက ...အချစ်လိပ်ပြာငယ်လေးတွေပဲ"