☁️2☁️

15.7K 2K 792
                                    

လေယာဉ်က မနက်ဆယ်နာရီစိုက်မယ်ဆို
ကျွန်တော်ကိုးနာရီထဲကရောက်နေခဲ့တယ်။
စိတ်တွေစောနေတာများလေ......
ရက်ပေါင်းထောင်ချီ အက်အက်ကွဲကွဲ
တမြေ့မြေ့လွမ်းခဲ့ရလို့လားမသိ သိပ်တွေ့ချင်နေတော့တာ။

ကျွန်တော့်လို လာစောင့်နေတဲ့ မိသားစုလေးတွေ
ကလေးလေးတွေကို လိုက်ကြည့်ပြီး
ဘဝတူတွေရှိနေသေးတာပဲဆိုကာ ကိုယ်ချင်းစာမိ
လိုက်သေး...။
ပေါင်ပေါ်လက်တွေတင်ထားတာမို့
ကြည့်မိတဲ့အချိန် လက်သူကြွယ်မှာ
စွပ်ထားသော လက်စွပ်ကိုမြင်ပြန်တော့
ကျွန်တော် တစ်ယောက်ထဲ ကြိတ်ရှက်သွားရပြန်ပြီ။

ကျောင်းတက်လိုက် လျှောက်သွားလိုက်
ချိန်းတွေ့လိုက် Romatic တွေကြီး
တစ်ချိန်လုံးလုပ်နေခဲ့ပြီး အနည်းငယ်
အနည်ထိုင်လာတဲ့အခါ နည်းနည်းလေး
လည်းနေ့တိုင်းဆိုတော့ရိုးလာပြီးနှစ်ချီလာတဲ့
Relationship တစ်ခုသည် ချစ်ပုံချစ်နည်း
Update မြှင့်လိုက်သလိုVersionတမျိုးဖြစ်လာသည်။

Couple Ringတွေမှာ နာမည်ကိုအတွင်းထဲ
မှာထွင်းထုထည့်ခဲ့ကြပေမယ့်ကျွန်တော့်လက်စွပ်
ကတော့ အပြင်မှာပေါ်တင် JeonJungkook
ဆိုတဲ့အမည်နာမသည်ထင်ခနဲလင်းခနဲရယ်.....။

Jeonဟာစီနီယာကျောင်းသားတစ်ယောက်
ဖြစ်လာပြီး ကျောင်းသက်ရလာတဲ့အခါ
ပိုပြီးစာအုပ်ကြီးဖြစ်လာခဲ့သည်။
ဆရာဝန်မဖြစ်သေး ဆရာဝန်ရုပ်ရည်
အပြည့်အဝထွက်ကာ အချိန်တိုင်းရှင်းသန့်နေသည်။

ကျွန်တော် အရူးအမူးကိုကြိုက်ပစ်ခဲ့တာများ
ကလေးအစခွေးအဆုံးမသိသူမရှိ။

"နာမည်ကပိုင်ဆိုင်ကြောင်းပြချင်လို့လေ
အတွင်းထဲရေးပြီး ဘာမြင်ရမှာလဲ
ပေါ်ပေါ်တင်တင် မြင်တာနဲ့တန်းသိအောင်
အပေါ်မှာဘက်မှာပဲ ထွင်းမယ်...."

"လှပါ့မလား...."

"လှဖို့မလိုဘူး ...Jiminshi...ကို
ကျွန်တော် ပိုင်တာ လူသိဖို့ပဲလိုတာ....."

"သဘောလေ...မင်းကြိုက်သလိုလုပ်
အဓိက Couple Ringရဖို့ပဲ..."

"သိပ်လိမ္မာတယ် အဲ့တာကြောင့်ကျွန်တော်
သိပ်ချစ်တာ....."

မိုးစက်ပုံပြင်ငယ်(Eden Contest)Where stories live. Discover now