🤍Extra🤍

15.5K 1.7K 813
                                    

"ကောင်းကောင်းပြန်ပါ ပါရဂူကြီး..."

ဆေးရုံမှာအချိန်တစ်ခုထိုင်ပြီး၍ည၈:၀၀အိမ်ပြန်
ချိန်ရောက်လာတဲ့အခါ လည်းဆရာဝန်ကြီးဟာ
ကြည်လင်ရှင်းသန့်နေတုန်း။
စိမ်းမြမြသွေးကြောတွေဖြစ်တည်နေသောသိပ်ကိုကြည့်၍
ကောင်းသောလက်တွေနဲ့ ခပ်ဟောင်းဟောင်း
နားကျပ်လေးကိုသိမ်းနေသည်။

သူနာပြုမလေး၏နှုတ်ဆက်စကားအား
အသိအမှတ်ပြုပြုံးပြကာ ယူစရာရှိတာယူပြီးနောက်
အိမ်ပြန်ဖို့ရန်ပြင်ဆင်နေခဲ့သည်။

ခပ်ဖြည်းဖြည်းလျှောက်လှမ်းလာရင်း
ဆေးရုံအပြင်ဘက်ခြေတစ်လှမ်းထွက်လိုက်တဲ့အခါ
အေးစိမ့်စိမ့်ခံစားမှုကကြိုဆိုနေခဲ့သည်။

မျက်မှန်ကိုလာရိုက်စင်သောမိုးစက်လေးတွေ။
မိုးဖွဲဖွဲတွေကျနေပါ၏။သေချာတာတော့
မိုးဦးကျနေသောရာသီဥတုလေး.....။

ပါရဂူကြီး ခြေလှမ်းတွေတိခနဲရပ်သွားခဲ့သည်။
ကောင်းကင်ကိုတစ်ချက်မော့ကြည့်ကာ
သွားစွယ်လေးတွေပေါ်လာတဲ့အထိလှစ်ခနဲပြုံးသည်။

ကျွန်တော်မိုးရာသီနဲ့ မိုးရေစက်တွေအပေါ်
သံယောဇဉ်သိပ်ရှိပါသည်။
မိုးနံ့လေနံ့လေးများရ နှလုံးသားတွေ
ချက်ချင်းနွေးထွေးသည်။
ဆယ်နှစ်လရာသီပတ်လုံးအချစ်မလျှော့လည်း
ဝဿန်ဆိုလျှင်ဖြင့် ကျွန်တော့်အချစ်စိတ်အနည်းငယ်
ပိုတာသဘာဝ...။

"မိုးဦးတောင်ကျနေပြီပဲ....."

ပါရဂူကြီးကအိမ်ပြန်ချိန်မိုးဖွဲဖွဲကိုလက်ဖဝါးတွေ
ဖြင့်ခံစားကြည့်ရင်းတိုးဖွဖွဆိုသည်။

မိုးများရွာရင်လေ..
ချက်ချင်းလက်ငင်း ဆေးကျောင်းပဲ
ပြန်တက်ချင်သလိုလို
စီးပွါးရေးတက္ကသိုလ်က မင်းသားလေးကိုပဲ
သွားပိုးပန်းချင်သလိုလို...။

ကျွန်တော်မေ့နေတာ ကျွန်တော်ဆေးရုံအုပ်တောင်
ဖြစ်တော့မှာပဲ....။

ဘဝရဲ့ဘယ်အနေအထားအဘယ်မျှသော
အောင်မြင်မှုတွေနဲ့ရပ်တည်နေရနေရ
ငယ်ရွယ်ချိန်ကအမှတ်တရတွေကတော့
လူတိုင်ရဲ့နှလုံးသားတွေကိုလွမ်းဆွတ်စေတာပဲ....။

မိုးစက်ပုံပြင်ငယ်(Eden Contest)Donde viven las historias. Descúbrelo ahora