☁️3☁️

18.1K 2.3K 786
                                    

"ဒါက ဘာလဲ ဘာလဲ ငါ့ကိုမင်းရှင်းပြစမ်း
ပါအုန်း...ဘာကိစ္စ ဒီFormကို
ဖြည့်ထားရတာလဲ....ဖွက်ထားတာလဲ
ပြော!!!!!"

စိတ်တွေလှုပ်ရှားခဲ့လွန်းလို့ကျွန်တော့်တစ်ကိုယ်လုံး
တုန်ရီနေခဲ့တဲ့အဲ့ဒီနေ့က တကယ်ရုပ်ဆိုးပါတယ်။

"ကျွန်တော် ပညာသင်ဖို့ အရွေးခံရတယ်..
Jimin.....အရွေးခံရတာ...."

စာရွက်တွေနဲ့သူ့မျက်နှာကိုပစ်ပေါက်လိုက်တဲ့
ကျွန်တော့်ဒေါသနဲ့ဝမ်းနည်းမှု။Jeonဟာ
ခေါင်းတွေကိုငုံ့ထားခဲ့တယ်။

"သိတယ်လေ....ငါစာဖတ်တတ်တယ်
ဒါပေမယ့် မင်း သွားဖို့ကိုစဉ်းစားနေတာလား....
ငါ့ကို ထားခဲ့ပြီးတော့လေ...."

"လူတွေထောင်ချီထဲကမှ သုံးယောက်ပဲပါ
တာဆိုတော့...ကျွန်တော်..."

"မသွားရဘူး!!! ဒီအခြေအနေလောက်နဲ့လည်း
ရနေပြီလေ...မင်းအရမ်းကြီးထူးချွန်ပြောင်မြောက်
နေဖို့မလိုပါဘူး ငါတို့ခုအတိုင်းလည်း
အဆင်ပြေတာပဲကို....မကြာခင်မင်းဆရာဝန်ဖြစ်လာ
မယ် ဆေးရုံတခုခု မလုပ်ချင်လည်း
ဆေးခန်းဖွင့်ပြီး နေရင် ပြီးပြီလေ.....
ဘာတွေ စဉ်းစားနေတာလဲ......."

အတ္တကြီးခဲ့ပါတယ်.....။အကြောင်းအရင်းက
တစ်ခုထဲပါ ကျွန်တော်ဒီအမျိုးသားလေးကို
တစ်ရက်တောင်မခွဲနိုင်လို့....။
ကျွန်တော် ယောကျ်ားတန်မဲ့မျက်ရည်တွေဝဲလာပြီး
Jeonအင်္ကျီစတွေကိုဆွဲဆောင့်ကြမ်းတမ်းခဲ့တယ်။

"ကျွန်တော်Jiminshi ကိုမထားခဲ့ပါဘူး
ဒီလောက်ချစ်တာ...ဒါပေမယ့်
ဒါကလည်း ကျွန်တော်မျှော်မှန်းထားတဲ့
ပန်းတိုင်တစ်ခုမလို့ လုပ်ကြည့်ချင်တယ်..."

ပိုမိုနီရဲလာသောမျက်လုံးတွေ.....။
လုပ်ကြည့်ချင်တယ်ဆိုထဲက ဒါသူသွားဖို့
ရာခိုင်နူန်းအပြည့်ပဲ...။
ခြောက်နှစ်တာလုံးမခွဲနိုင်မခွါရက်အတူတူရှိပြီး
တာတောင် လွယ်လွယ်လေးခွဲနိုင်တာလားဆိုတဲ့
စိတ်သည် မယုံနိုင်စွာ...။

"ငါးရက်မဟုတ်ဘူး ငါးလမဟုတ်ဘူး
ငါးနှစ်နော် ငါမင်းနဲ့ငါးနာရီတောင်ခွဲချင်တဲ့
ကောင်မဟုတ်ဘူး....မင်းသွားဖို့ကို
စဉ်းစားနေတယ်ဆိုရုံနဲ့တင် သိပ်ရက်စက်လွန်း
နေပြီJeon...."

မိုးစက်ပုံပြင်ငယ်(Eden Contest)Where stories live. Discover now