💕 အပိုင်း 8 💕

6.4K 263 1
                                    

Unicode:

Be My Love

💕 Part - 8 💕

"လာသားရေ ..... ဒီနေ့မနက်စာကတော့ မော်လမြိုင်မုန့်ဟင်းခါး ပူပူလေး ......"

ဒီပါနဲ့ ဒီဒီတို့ရဲ့ ကြီးကြီးက သူ့ကို ပြုံးပြပြီးမနက်စာ စားပွဲ၀ိုင်းမှာ၀င်ထိုင်ခိုင်းတာမို့ မိုးစွေ လူကြီးတွေကို အရိုအသေပြုတဲ့ အနေဖြင့် ခေါင်းလေးတစ်ချက်ငြိမ့်ကာ စားပွဲ၀ိုင်းမှာ ၀င်ထိုင်လိုက်သည်......

မိုးစွေနဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေသည့် သူမလေးကတော့ ခေါင်းမဖော်ဘဲ မုန့်ဟင်းခါးကို အရင်ငုံ့စားပြီးမှ ခေါင်းမော့လာကာ ပလုတ်ပလောင်းလေးဖြင့် မိုးစွေ အားပြုံးပြသည်.......

"ကြီးကြီး ငါးဖယ်ရှိသေးလားဟင်..... "

"ရှိသေးတယ်လေ သမီးရဲ့ ......"

"အဲ့တာဆို ဒီဒီ ထဲ နည်းနည်းထည့်ပေးပါနော်......"

"အေးအေး ...... "

ကြီးကြီးက သူမရဲ့ ပန်းကန်လေးကို လှမ်းယူလိုက်သည်....... ပြီးမှ သူမရဲ့ ပန်းကန်နဲ့အတူ သူ့အတွက်ပါ မုန့်ဟင်းခါး တစ်ပန်းကန်လာချသည်.....

မုန့်ဟင်းခါး အနံ့လေးကတော့ သင်းနေတာပင်.......

မျက်စိရှေ့မှောက်ရောက်လာသည့် မုန့်ဟင်းခါး ပန်းကန်ကို ကြည့်ပြီး မိုးစွေ မျက်ခုံးတွေ ပင့်သက်သွားသည်......

မော်လမြိုင်မုန့်ဟင်းခါးဆိုပေမယ့် ရန်ကုန် မုန့်ဟင်းခါးလိုမျိုး သိပ်မကွာလောက်ဖူးပဲ ထင်ခဲ့မိတာ .......

အခုတော့ သူ့ရှေ့က မုန့်ဟင်းခါးပန်းကန်ထဲမှာ ငါးဖယ်နဲ့ ဘဲဥကို ပါးပါးလေးတွေ လှီးပြီး ရောချက်ထားတဲ့ မုန့်ဟင်းရည်ရယ်.... မုန့်ဟင်းခါးဖတ်ရယ်တို့နဲ့အတူ နံနံပင်၊ ပူစီနံ ၊ ပဲပင်ပေါက် ၊ ပဲသီး နဲ့ ခရမ်းချဥ်သီးတောင်ပါသေးသည် ......

အစာပလာတွေ အပြည့်နဲ့ မုန့်ဟင်းခါးကို ကြည့်ပြီး မိုးစွေ ဘယ်ကနေ ဘယ်လိုစစားရမလဲ မသိ.......

ရန်ကုန်မှာဆို နံနံပင်တို့ ပဲသီးတို့ပဲ ထည့်စားကြတာဆိုတော့ မုန့်ဟင်းခါးထဲ
ပဲပင်ပေါက်နဲ့ ခရမ်းချဥ်သီး ထည့်တဲ့ အရသာက ဘယ်လိုဖြစ်မလဲ မိုးစွေ မသိပါ.......

💕 Be My Love 💕Where stories live. Discover now