💕 အပိုင်း 6 💕

5.8K 260 2
                                    

Unicode:

Be My Love

💕 Part - 6 💕

"ငါနဲ့ မိုးစွေ ဇာတ်လမ်းကတော့ အဲ့တာပဲ... နောက်ထပ်ဘာများထပ်ပြီး သိချင်သေးပါလဲရှင့် ဒေါ်နန်းယု ....... "

"ဪ လက်စသပ်တော့ နင်တို့ဇာတ်လမ်းမှာ နင်ကချည်းပဲ တစ်ဖက်သတ် လိုက်ကြိုက်ခဲ့ရတာပေါ့ ဟုတ်လား ဒီဒီ ..... "

"ငါကချည်းပဲ မိုးစွေကို တစ်ဖက်သတ်လိုက်ကြိုက်ခဲ့ရတယ်ဆိုပေမယ့် မိုးစွေကလဲ ငါ့အပေါ်မှာ တစ်ချက်တစ်ချက်တော့ ဂရုစိုက်ပါတယ်နော်...... အခုပြန်တွေ့ချိန်ဆို ပိုတောင်ဂရုစိုက်သေးတယ်...... "

"ဒါနဲ့ ..... နင်တို့၂ယောက်က ဘယ်အချိန်မှာ ကွဲသွားခဲ့တာလဲ ဒီဒီ ........"

"ငါ 9 တန်းအပြီး 10 တန်းတက်မယ့်အချိန်မှာလေ ......... ဖေဖေကြောင့် ကျောင်းပြောင်းခဲ့ရတော့ မိုးစွေနဲ့ ကွဲသွားခဲ့တာ ....... အီး အခုမှ ငါ့ရဲ့ ချစ်လှစွာသော Crush လေးကို ကံကောင်းလို့ ပြန်တွေ့ရတာ ..... "

"ဘာပဲဖြစ်ဖြစ် နင်ဒီလောက်နှစ်တွေ
အကြာကြီး ချစ်လာခဲ့ရတာ အခုပြန်တွေ့ရချိန်မှာတော့ အဆင်ပြေသွားပါစေဟယ်....... "

"အေးဟယ် ...... ငါလဲ အဲ့လိုပဲ မျှော်လင့်ပါတယ် ......"

"ဒါနဲ့ နင်နောက်အပတ် ခွင့်ယူထားတယ်လို့ တီချယ်မိုးက ပြောတယ်...... ဘာလို့
ခွင့်ယူထားတာလဲ ...... နင်မရှိတော့ ငါတို့ ward မှာ night duty တွေ ပြန် change ရတော့မယ်....... "

"မော်လမြိုင်က ငါ့ဖွားဖွားကြီးဆီ အလည်သွားမို့ဟ ....... ငါကနှစ်တိုင်း ဖွားဖွားကြီးတို့ဆီ အလည်သွားနေကျဆိုတော့ ဒီနှစ်လဲသွားရမှာ....... ခွင့်တင်ထားတာတော့ကြာပါပြီ  နောက်အပတ်မှ ခွင့်ရလို့ နောက်အပတ်သွားရမှာ......."

"ဟင်း နင်သွားရင်တော့ ငါတော့ ပျင်းကျန်နေခဲ့တော့မှာပဲ ...... "

"တစ်ပတ်ပါပဲ နန်းယုရဲ့ ......ဟိုမှာ ဖွားဖွားကြီးက ဒူးရင်းခြံတွေရှိတယ်သိလား ငါပြန်ရောက်ရင် နင့်အတွက် ဒူးရင်းသီးတွေယူလာခဲ့မယ် ....... "

"အေးပါ အေးပါ..... ဒူးရင်းသီးမပါလာလို့ကတော့ နင်နဲ့ငါနဲ့ အတွေ့ပဲနော် ဒီဒီ....."

💕 Be My Love 💕Tempat cerita menjadi hidup. Temukan sekarang