💕 အပိုင်း 5 💕

5.7K 252 2
                                    

Unicode:

Be My Love

💕 Part - 5 💕

သိပ်လှလွန်းတဲ့ ခရမ်းရောင် လာဗင်ဒါပန်းခင်းကြီးတစ်ခုဆီသို့ သူမရောက်ရှိနေရသည်.....

ဒီဒီကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်မိလိုက်တော့
သူမကိုယ်တိုင်လဲ ခရမ်းနုရောင် ဇာဂါ၀န်ကားကားလေးကို ၀တ်ဆင်ထား၏.....

ဘယ်နေရာမှာရှိနေမှန်းမသိသည့် ဒီပန်းခင်းကြီးဆီသို့ သူမ ဘယ်လို ရောက်နေရတာလဲ ..... ထပ်ပြီး ဘာလို့ ဒီလိုမျိုးကြီး ၀တ်ထားရတာလဲဆိုတာ ဒီဒီမသိပါ .......

တစ်ယောက်ထဲ စဥ်းစားလို့မရဖြစ်နေစဥ်မှာပဲ သူမ နောက်ကျောဆီမှ မြင်းခွာသံတွေကို ကြားလိုက်ရလို့ လှည့်ကြည့်မိတော့ ငယ်စဥ်က သူမကြည့်ဖူးနေကျ
Cinderella ကားထဲမှ မြင်းလေးကောင်ဆွဲထားသည့် အဖြူရောင်ရထားလုံးလေး ဖြစ်နေသည်......

ဒီဒီ ထိုရထားလုံးလေးကို စိုက်ကြည့်နေတုန်းမှာပဲ မြင်းလေးကောင်က တုံ့ခနဲဆိုသလို ရပ်သွားပြီး ရထားလုံး တံခါးလေးက ပွင့်လာသည်......

ပြီးတော့ ထိုရထားလုံးပေါ်မှ ပြောင်လက်နေသော အနက်ရောင်ရှူးဖိနပ်တစ်စုံနဲ့အတူ အနက်ရောင် အနောက်တိုင်း၀တ်စုံကို သေသပ်စွာ ၀တ်ဆင်ထားသော ကောင်လေးတစ်ယောက် ဆင်းလာသည်......

ဟင် ...... မိုးစွေ .......

ဒီဒီ သေချာကြည့်လိုက်တော့မှ သူမနဲ့ မလှမ်းမကမ်းမှာရှိနေသည့် ထိုရထားလုံးပေါ်မှ ဆင်းလာသည့်ကောင်လေးက တခြားသူမဟုတ်ပါ ...... သူမချစ်ရသည့် မိုးစွေ ဖြစ်နေသည်......

"ဒီဒီ ..... "

မိုးစွေက သူမကိုကြည့်ကာ သူမနာမည်အား ခေါ်လိုက်တာမို့ ဒီဒီ အံ့သြသွားရသည်.......

"မောင့်ဆီလာခဲ့လေ ......."

မိုးစွေဆီမှ မောင့်ဆီလာခဲ့လေဆိုသည့် စကားကြောင့် ဒီဒီပါးစပ်လေးအဟောင်းသား ဖြစ်သွားရတုန်းမှာပဲ မိုးစွေက သူမအား လက်လေးကမ်းပေးလာသည်.........

"လာ .....မောင့်ဆီလာခဲ့နော်....... "

ဒီဒီ မိုးစွေကို ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်ကာ သူမဂါ၀န်ကားကားလေးကို အသာမပြီး မိုးစွေဆီ ပြေးလာခဲ့လိုက်သည်..... ဒါပေမဲ့ အိပ်မက်ထဲမှာတောင် ဒီဒီက ကံမကောင်းဘူးလား မပြောတတ်ပါ.....

💕 Be My Love 💕Donde viven las historias. Descúbrelo ahora