ငါလေးက ဗိုလ်ကျတတ်တဲ့သူဖြစ်လာတော့မှာပဲ
E-Title: I Will Became A Bully
Type: Webnovel (JP)
Status: One-short (completed)
Author: あやね Ayane
E_Translator: ruff Translations
Translator: Aries_Psyche
*•*•*•*•*•
သူမက အထက်တန်းလွှာမဟုတ်တဲ့ သာမန်အရပ်သူတစ်ယောက်ဖြစ်တာတောင် လွတ်လွတ်လပ်လပ်ပြုမူနေသေးတယ်။သူမနေရာကို အမှတ်ရသွားအောင် ငါကပဲ သတိပေးလိုက်ရသေးတာပေါ့။
ငါ သူမကို ဗိုလ်ကျအနိုင်ကျင့်တော့တယ်။ "သူမ" ကဘယ်သူလဲ? သာမန်အရပ်သူ အီဂိုကိုချီနိုယိုအီ,ပဲ။
သူမက အဆင့်မြင့်မှော်စွမ်းအားပိုင်ဆိုင်ထားတာကြောင့် သာမန်အရပ်သူဖြစ်ပေမဲ့လည်း ဂုဏ်သတင်းကြီးမားတဲ့ မြင့်မြတ်လှတဲ့အေတိုဝါရုတက္ကသီလာမှာ တက်ရောက်ခွင့်ရထားတယ်။သာမန်အရပ်သူ၊ အရပ်သားတွေက မင်းဆွေမင်းမျိုးတွေကို လိုက်မယှဉ်နိုင်ဘူးလေ။ငါက သူမကို ဒီကိစ္စအတွက် ဘယ်တော့မှ ခွင့်မလွှတ်ဘူး။
ဒီကိစ္စကို ညည်းပြနေတယ်ဆိုရအောင်လည်း ငါ မမှားဘူး။
ဒီရဲ့ပြဿနာက သာမန်အရပ်သူအဖြစ်မွေးဖွားလာတဲ့ အီဂိုကိုချီနိုယိုအီ,ပဲ။သူမက တစ်ယောက်ယောက်ကို အပြစ်ရှာချင်ရင်တောင် ငါ့လိုအထက်တန်းလွှာမဟုတ်တဲ့ သာမန်အရပ်သူ၊အရပ်သားအဖြစ်မွေးဖွားလာကြတဲ့ သူမရဲ့မိဘတွေကိုပဲ အပြစ်တင်ရမှာပဲ။
အီဂိုကိုချီနိုယိုအီ,က သူမနေရာ သူမ,မသိတတ်ဘူး။
ငါက အမြဲတမ်း မင်းဆွေမင်းမျိုးပဲဖြစ်နေမှာ။ဟုတ်တယ်၊ အထက်တန်းလွှာအားလုံးနှင့် ငါ့ရဲ့စေ့စပ်ထားတဲ့ခင်ပွန်းလောင်းရောပေါ့။
ဒါကြောင့် အီဂိုကိုချီနိုယိုအီ,ကို အကြံပေးလိုက်တယ်။ "လူတွေကြား နင်ရဲ့အဆင်ပြေမှုတွေကြောင့် ကိုယ့်နေရာကိုယ်မသိတာက ဘာမြှဖစ်ထွန်းလာမှာမဟုတ်ဘူး၊ နင်ဒီမှာရှိနေရတဲ့အကြောင်းကို နားလည်ထားသင့်တယ်။"
ပြီးတော့ သူမက တုံ့ပြန်လာတယ်။ "ငါ နင့်ကို သဘောမကျလို့ နင့်စကားနားမထောင်နိုင်ဘူး"
أنت تقرأ
Yuri One-shorts Collection [Translation]
عاطفية🚫I don't own all of this. 💯All crd to Original Authors and E-translators ⛔️I just translate.