228 15 0
နတ်မိမယ်လေးကို စွန့်စားကယ်တင်ခြင်း
____•*•____
Author: 不谢梅 Buxie Mei
E_Translator: Xiao Wentian
Editor : Kirishima Ririka
မြည်းငယ်လေးကိုစီး၍ ကမ္ဘာအနှံ့လှည့်လည်ကာ စွန့်စားရမည့်အခွင့်အရေးကို ရှာဖွေနေသော အလယ်ခေတ် သူရဲကောင်းသည် ယနေ့တွင်တော့ တိုင်းပြည်အသစ်တစ်ခုဆီ ရောက်ရှိလေသည်။
ထိုတိုင်းပြည်သည် ထူးခြားဆန်းပြားသောတိုင်ပြည်တစ်ခုဖြစ်၏။အခြားလူများအတွက်မဟုတ်လျှင်တောင် အနည်းဆုံးတော့ ငယ်ရွယ်သော သူရဲကောင်းမလေးအတွက် အထူးတလည်ဖြစ်နေ၏။လူတိုင်းက ထူးထူးဆန်းဆန်း ၀တ်စားဆင်ယင်ကြတယ်။အိမ်တွေကိုလည်း ဆန်းဆန်းပြားပြား ဆောက်လုပ်ထားကြတယ်။သက်၀င်ယုံကြည်မှုကတောင် အခြားသောတိုင်းပြည်များနှင့် လုံးဝကို ကွဲပြားနေတာလေ။
ခပ်လှမ်းလှမ်းရှိ ဘုရားကျောင်းရှေ့က စီတန်းနေသော လူတန်းရှည်ကြီးကို သူမကြည့်လိုက်ပြီး အများကြီးမတွေးတော့ဘဲ မြည်းပေါ် ခုန်လွှားကာ လူတန်းရှည်ကြီး၏ တစ်ဖက်ဆီပြေးသွား၍ လူတန်းရှည်ကြီးကို စတင်ကြည့်ရှုတော့သည်။
သူရဲကောင်းမလေး၏အသက်သည် ဒီနှစ်တွင်မှ ၁၇-၁၈ ဝန်းကျင်သာ ရှိသေး၏။သူမ၏ရုပ်သွင်လေးကလည်း ကြီးမားလုံးဝန်းသည့် မျက်ဝန်းလှလှတစ်စုံကြောင့် အလွန်နှစ်လိုဖွယ် ချစ်စရာကောင်းနေသည်။မိန်းမပျိုတစ်ယောက်က တိုင်းတစ်ပါးသူ,ဤမိန်းကလေး၏ခေါင်းကို ပုတ်ကာ ပြုံးပြလိုက်ပြီး သူမကို လက်ဝှေ့ယမ်းပြကာ ပြောလေသည်။ “မိန်းမငယ်လေး၊ ဆုတောင်းပြည့်ချင်လား? ကျွန်မတို့ရဲ့ နတ်မိမယ်က ဘယ်ဆုတောင်းမဆို ဖြစ်မြောက်အောင် ကောင်းချီးပေးနိုင်တယ်”
သူရဲကောင်းမလေးသည် ခေါင်းခါပြီး ရယ်မောလိုက်သည်။ “ကျွန်မအတွက် မလိုဘူး၊ ကျွန်မမှာတောင်းဆုခြွေချင်တဲ့ဆုတောင်းလည်း မရှိဘူး၊ အသင်တို့နတ်မိမယ်ရဲ့ အံ့ဖွယ်စွမ်းအားကို မဖြုန်းတီးတာက ပိုကောင်းပါတယ်”
သူရဲကောင်းမလေး၏စကားလုံးတို့သည် အလိမ်အညာမဟုတ်ပေ။ဤနှစ်များအားလုံးတွင် နေ့တိုင်းလိိုလို သူမသည်မြည်းငယ်လေးကိုစီးကာ သောကကင်းစွာလွတ်လပ်လှသည်ဟုပြောရလောက်သည်အထိ ကမ္ဘာအနှံ့ သွားလာနေထိုင်ခဲ့ရသည်။ထို့ကြောင့် ထိုခဏတွင် ချက်ချင်းကြီးဆုတစ်ခုတောင်းရန်အတွက် သူမ ဘာမှမစဥ်းစားမိလိုက်ချေ။
Yuri One-shorts Collection [Translation]Où les histoires vivent. Découvrez maintenant