[Unicode]
နတ်မိမယ်က နူးညံ့စွာပြုံးပြီး ပြောလာ၏။ “အင်း အစ်မ မလွတ်နိုင်ဘူး၊ အစ်မရဲ့စွမ်းအားက ဒီလောက,က အမှန်တကယ်စိတ်ရင်းကောင်းပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ လူတွေကိုပဲ ကူညီလို့ရတာ၊ ကိုယ့်ကိုယ်ကိုတော့ မကူညီနိုင်ဘူးလေ”
သူရဲကောင်းမလေးမှာ မုန်းတီမှုနှင့် ခြေဆောင့်အောင့်လိုက်သည်။ “အိုး! အစ်မက နတ်မိမယ်လေ၊ သူတို့ကို အပြစ်မယ်မယ်ရရမပေးချင်ရင်တောင် အနည်းဆုံးတော့ အဲ့ဒီဘုရင်ရဲ့သားသမီးမြေးမြစ်ထိ အစ်မ ကျိန်ဆဲပစ်သင့်တယ်!”
နတ်မိမယ်က သူမကို အံ့သြစွာကြည့်ပြီး ပြောလာ၏။ “ဟမ်? ကျိန်ဆဲရမယ်? ဘာလို့ အစ်မက ဒီလိုလုပ်ရမှာလဲဟင်? အစ်မရဲ့ မကျေချမ်းမှုကြောင့် တခြားစိတ်ဆိုတဲ့သူတွေအပေါ် ဒေါသချလိုက်ဖို့နှင့်တော့ အဲ့ဒီအပြစ်ကင်းတဲ့သူတွေက နာကျင်သွားမှာမလိုလားဘူး၊ အဲ့ဒီလိုလုပ်တာက ရက်စက်လွန်းရာကြမှာ၊ ထပ်ပေါင်းပြောရရင် အစ်မက ဒီလိုတကယ်လုပ်လိုက်ရင် ဒီတိုင်းပြည်ကြီးက ပရမ်းပတာဖြစ်သွားပြီး အသက်အိုးအိမ်တွေ မဲ့ကုန်ကြလိမ့်မယ်၊ တိုင်းပြည်တစ်ပြည် ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာရှိဖို့ ဘယ်လောက်ပေးဆပ်ခဲ့ရတယ်ဆိုတာ ညီမ နားမလည်ပါဘူး၊ ဘာအကြောင်းကြောင့်မှ ဒီတိုင်းပြည်ကို အစ်မ မဖျက်ဆီးနိုင်ဘူး”
သူမက ခဏရပ်ပြီး ဆက်ပြောလေသည်။ “အချိန်က ရေလိုမြန်မြန်စီးဆင်းသွားတာပဲ၊ နှစ်ရာပေါင်းများစွာတောင် ကုန်ခဲ့ပြီ၊ ဟိုရှေးရှေးတုန်းက အဲ့ဒီဘုရင်ပထမမျိုးဆက်တည်းက အစ်မကို ဒီမှာချုပ်နှောင်ထားတဲ့လျှို့ဝှက်ချက်က တိမ်မြှုပ်လောက်ပြီလို့ အစ်မထင်တယ်၊ ဒီနယ်မြေမှာ သူတို့ရဲ့ဒဏ္ဍာရီလာနတ်မိမယ်က ဒီမှာထောင်ချောက်မိနေတယ်ဆိုတာ ဘယ်သူမှ မသိကြတော့ဘူး၊ ဘယ်တစ်ယောက်ကမှ အစ်မကို လွှတ်ပေးဖို့ ဒီတောအုပ်ကြီးထဲလာပြီး အရဲစွန့်ရဲကြမှာမဟုတ်ဘူး၊ ဒီနေ့မှာတော့ ညီမနှင့် တွေ့ပြီး ဒီလိုမျိုးတွေကားပြောခွင့်ရတာကိုက အစ်မ ဝမ်းသာလှပါပြီ”
သူမရှေ့က ဗုဒ္ဓလိုခွင့်လွှတ်သည်းခံတတ်ပြီး အပူအပင်မထားတတ်သည့် နတ်မိမယ်ကို တွေ့မြင်ရသောအခါ သူရဲကောင်းမလေး၏ အတက်အကျဖြစ်သောတစ်ရက်တာခံစားချက်များက ခေါင်းကိုက်ဝေဒနာနှင့် မယှဥ်သာအောင်ပင် ပထမဆုံးအကြိမ်အဖြစ်ဆိုးဝါးလာသည်။
BINABASA MO ANG
Yuri One-shorts Collection [Translation]
Romance🚫I don't own all of this. 💯All crd to Original Authors and E-translators ⛔️I just translate.