UnicodeThe other side:
Jk တစ်ယောက် သူ့လက်ထဲက ဖြူဖွေးနေတဲ့နှင်းလုံးလေးကိုကြည့်ပြီး အသည်းယားလာသည်။
Jk: သားသားရေ...
ခ်..ခစ်...
Jk မြှူလိုက်တော့ သားသားဆီက တခစ်ခစ်ရီသံလေးတွေထွက်လာသည်။
Jm မျက်လုံးတွေဖွင့်လိုက်တော့ ဘေးမှ သားလေးကို ချော့မြှူနေတဲ့ကိုကို့ကို တွေ့တာကြောင်ပြုံးလိုက်မိသည်။
Jm: ကိုကို..
Jk: သည်းငယ်...နိုးလာပြီလား ။နေရထိုင်ရတာအဆင်ကောပြေရဲ့လား
Jmလည်းပြုံးပြီးခေါင်းညိတ်မိသည်။
Jm: သားလေးကို သည်းငယ်ဆီပေးပါဦး
Jk: သည်းငယ်...အိပ်ရာက အရမ်းမထသေးနဲ့နော်။ကိုယ်ထူပေးမယ်
Jk လည်းသားငယ်ကို လက်တစ်ဖက်နဲ့ပွေ့ထားပြီး Jm ကိုထိုင်နိုင်အောင်ကူညီပေးလိုက်သည်။
Jk: ရော့...သည်းငယ် ကိုကိုတို့ရဲ့ သားလေးက ချစ်စရာမကောင်းဘူးလား
Jmလည်း ကလေးကို Jk လက်ထဲက ပြောင်းချီလိုက်ပြီး
Jm: ဖြူဖြူလုံးလုံးလေးနဲ့ ချစ်စရာကောင်းလိုက်တာ။အဲ့ဒါ သည်းငယ်နဲ့တူလို့နော် ကိုကို
Jk: ဟား..ဟား...ဟုတ်ပါ့ကွာ သားလေးက သူ့ရဲ့ပါးပါးပေါက်စလေးနဲ့တူလို့ ချစ်ဖို့ကောင်းနေတာ
Jm: ခစ်...ခစ် ကိုကို သားလေးကို ပေါက်စီလေးလို့ ခေါ်မယ်နော်
Jk: သည်းငယ် သဘော
Jm: ဟီး....ဟီး....ပေါက်စီလေးရေ...ပါးပါးရဲ့ ပေါက်စီလေး
Jk: ဟုတ်ပါပြီကွာ...အကိုတော်တို့က သားလေးကိုကြည့်ပြီးသွားပြီ။သည်းငယ်က နိုးမလာသေးတော့ ညနေမှတစ်ခေါက်ပြန်လာခဲ့မယ်တဲ့
Jm: အွန်း....ဒါနဲ့ အလှလေးနဲ့ ယောက်ဖတော်တို့လည်းရှိနေရင်ကောင်းမှာနော်
Jk: သည်းငယ်ကလည်း...အကိုတော်တို့ကပြန်လာတော့မှာဘဲလေ။အချိန်တစ်ခုထိတော့ စောင့်ရဦးမှာပေါ့
အူဝဲ....အူဝဲ
Jm: အယ်...ပေါက်စီလေးက ဘာလို့ငိုတာလဲ။ပါးပါးကိုပြောပါဦး
YOU ARE READING
System 13 (season 2 ) (Completed)
Fanfictionyg: ငါဘယ်ရောက်နေတာလဲ။ပြီးတော့....ငါ..ငါကဘယ်သူလဲ။ v: အားလုံးမောင့်အပြစ်တွေပါအချစ်ရယ်။အချစ်ရဲ့နောက်ကိုလိုက်ပြီးမောင်တောင်းပန်ပါမှာမလို့ မောင့်အနားကနောက်တစ်ခါထွက်မသွားပါနဲ့ကွာ။ ( ဟိဟိ...taegi လေးရေးချင်လာလို့ပါ😁😁)