Arc (5.4)

1.5K 155 0
                                    


Unicode

အခု yoongi တို့စားသောက်ဆိုင်တစ်ခု ရောက်နေတာ

အရှေ့မှာတော့ သူစားဖို့ကိုဂရုတစိုက်ပြင်နေသူကတော့ ဇာတ်လိုက်အော်စတင် ပင်။မနက်ဖြန်ဆို ဇာတ်လိုက်မ (male)က ကျောင်းပြောင်းလာပြီ။ အဲ့အခါကျရင် သူဇာတ်လိုက်ရဲ့အပြုအမူတွေကို သေချာအကဲခတ်ရဦးမယ်။

အော်စတင် သူရှေ့က steak ကိုပါးပါးလေားတွေလှီးလိုက်ပြီး ဆရာ့အရှေ့ချပေးကာ

" sam...စားလို့ရပြီ "

အော်စတင်ရဲ့ အသံကို ကြားလိုက်တော့မှ yg အတွေးကမ္ဘာထဲ ရုန်းထွက်လာသည်။

Yg: အင်း

ဆိုင်ထဲက လူတွေကတော့ ကျောင်းဝတ်စုံနဲ့ကောင်လေးက သူ့ထက်အသက်ကြီးတဲ့ကောင်လေးကို အစားအသောက်ကအစ သေးစိတ်ဂရုစိုက်ပြီး အကြင်နာမျက်ဝန်းတွေနဲ့ထိုင်ကြည့်နေတာကို အားကျစွာငေးမောနေကြတယ်။

ထိုထဲမှာ တစ်စုံတစ်ယောက်ကတော့ အဲ့ဝိုင်းကို မီးတောက်နေတဲ့မျက်ဝန်းတွေနဲ့စူးစိုက်ကြည့်ပြီး တောက်ပြင်းပြင်းတစ်ချက်ခေါက်လိုက်သည်။

" တောက်❗❗ငါ့အရှေ့ကနှစ်ယောက်အကြောင်းအမြန်စုံစမ်းပေးစမ်း "

ဘေးနားမှာရှိတဲ့ လူကိုညွှန်ကြားပြီးတာနဲ့ ဆိုင်ထဲက အမြန်ပြန်ထွက်လာခဲ့တယ်။မဟုတ်ရင်ညသူ့အဲ့နားမှာတင်လူသတ်မိတော့မှာ။

* မင်းက ကိုယ့်အပိုင် *

-------------------------

နောက်တစ်နေ့ကျေင်းသွားတော့ လမ်းမှာကောင်လေးတစ်ယောက်ကို တခြားလူကောင်ကြီးကြီးကျောင်းသားနှစ်ယောက်က လိုက်နှောက်ယှက်နေတာမြင်လိုက်တာကြောင့် ကားရပ်ပြီးခနသေချာကြည့်လိုက်တော့ ထိုကောင်လေး ဝတ်ထားတဲ့ ဝတ်စုံကလည်း သူတို့ကျောင်းယူနီဖောင်းမို့ yoongi ကားပေါ်ကနေဆင်းလိုက်သည်။

Yg: ဟိတ်...မင်းတို့အဲ့တာ ဘာလုပ်နေတာလဲ

Yg အသံလည်းကြားရော ထိုသကောင့်သားနှစ်ကောင်က yg တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်ပြီး လျှာတသပ်သပ်နဲ့

" ဟျောင့်ရေ...ငါတို့က omega လေးတစ်ယောက်တည်းမလို့ ဝေခွဲမရဖြစ်နေတာ။အခု omega လေးနှစ်ယောက်ဆိုတော့..အဟက်..မင်းတစ်ယောက် ငါတစ်ယောက်ပေါ့ကွာ ဟား...ဟား...."

System 13 (season 2 ) (Completed)Dove le storie prendono vita. Scoprilo ora